ဘီးလင်း မစောတံတားဖောက်ခွဲခံရမှုတွင် ဆိုင်ကယ်စီးနှင်းသူ ၁ ဦးသေ ၂ ဦး အပြင်းအထန်ဒဏ်ရာရ ဆက်သွယ်ရေးပြတ်တောက်နေဆဲဖြစ်

(အကြမ်းဖက်မှု) မေ ၂၃

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ ရွှေရောင်ပြကျေးရွာအတွင်းမှ ရန်ကုန်- မော်လမြိုင်ကားလမ်းမပေါ်တွင်ရှိသော အရှည် (၁၀၆)ပေ၊ အကျယ် (၂၄)ပေရှိ တံတားအမှတ် (၁/၁၃၀) ဒေသအခေါ် မစောတံတားအား အကြမ်းဖက် သောင်းကျန်းသူ KNU/ PDF အဖွဲ့ (စိစစ်ဆဲ)မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့်အတွက် ဆက်သွယ်ရေးပြတ်တောက်နေကြောင်း သိရသည်။

မစောတံတားအား KNU/PDF အကြမ်းဖက်သောင်းကျန်းသူများမှ တံတားအောက်ခြေအား လက်လုပ်မိုင်းဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည့် အတွက် သံကူကွန်ကရစ်အမျိုးအစားတံတားမှာကျိုးကျပျက်စီးသွားပြီးခြင်းဖြစ်ကြောင်း သိရသည်။

တံတားကျိုးကျပျက်စီးခြင်းအား သိရှိခြင်းမရှိသည့် သထုံဘက်မှ ဘီးလင်းဘက်သို့ ဆိုင်ကယ် (၃) စီးဖြင့် အမျိုးသား ၃ ဦး မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကျိုးကျနေသည့် မစောတံတားအတွင်းသို့ ပြုတ်ကျခဲ့ပြီး အမျိုးသား (၁) ဦး သေဆုံး၊ အမျိုးသား (၂)ဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့သည့်အတွက် လူမှုကူညီရေးအသင်းယာဥ်များဖြင့် ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

မစောတံတားအား KNU/PDF အကြမ်းဖက်သောင်းကျန်းသူများမှ ဖောက်ခွဲလိုက်သည့်အတွက် ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့သည့်အတွက် ဆက်သွယ်ရေးပြတ်တောက်နေကြောင်း သိရသည်။

#PAN