အီတလီအိုးပင်းပြိုင်ပွဲမှာ ရှုးနိမ့်ကာ ထွက်ခဲ့ရတဲ့ ဂျိုကိုဗစ်


မေ ၁၄

မေလ ၁၂ ရက်မှာ ကစားခဲ့တဲ့ အီတလီအိုးပင်းတင်းနစ်ပြိုင်ပွဲ တတိယအဆင့်မှာ ကမ္ဘာ့အဆင့်(၁) တင်းနစ်သမား ဂျိုကိုဗစ် ဟာ ချီလီတင်းနစ် ကစားသမား တက်ဘလို ကို ရှုးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

ဂျိုကိုဗစ် နဲ့ တက်ဘလို တို့ရဲ့ပွဲစဉ်က ၆၇ မိနစ်သာကြာမြင့်ခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ချီလီတင်းနစ်သမား တက်ဘလို က (၆း၂၊ ၆း၃)ဆိုတဲ့ရလဒ်နဲ့အတူ အနိုင်ရခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ အီတလီအိုးပင်းတင်းနစ် ချန်ပီယံဖြစ်သလို ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံ(၆)ကြိမ် ဖြစ်ခဲ့ဖူးတဲ့ ဂျိုကိုဗစ် ဟာ အခုပွဲစဉ်မှာ မထင်မှတ်ဘဲ ရှုးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်က တက်ဘလို ရဲ့ ကစားသမားဘဝမှာ အခမ်းနားဆုံးနိုင်ပွဲတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

အခုလိုမျိုး ကမ္ဘာ့အဆင့်(၁) တင်းနစ်ကစားသမားတစ်ယောက်ကို အနိုင်ရခဲ့တာက ချီလီနိုင်ငံသား တင်းနစ်ကစားသမားတစ်ယောက်အတွက် ၂၀၀၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews/22577

PAN

SZ