WBA ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း လူးကပ်စ်ဘရောင်း လက်ဝှေ့လောကမှ အနားယူ


မေ ၁၄

WBA ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ ဩစတေးလျလက်ဝှေ့သမား လူးကပ်စ်ဘရောင်း က လက်ဝှေ့လောကမှ အနားယူရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း မေလ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လူးကပ်စ်ဘရောင်း ဟာ နိုင်ငံတူကစားသမားဖြစ်တဲ့ ဟီပီ နဲ့ ဩစတေးလျနိုင်ငံ၊ ပက်သ်မြို့တွင် မေလ ၁၂ ရက်က ယှဉ်ပြိုင်ခဲ့ရာမှ ဒိုင်ပွဲရပ်ရလဒ်ဖြင့် ရှုးနိမ့်သွားခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်အပြီးမှာ ဘရောင်း က အသက်အရွယ်အရ လက်ဝှေ့လောကမှ အနားယူသင့်ပြီဖြစ်သလို ကိုယ်ခန္ဓာလှုပ်ရှားမှုအပိုင်းမှာလည်း အဆင်ပြေမှု မရှိနိုင်တာကြောင့် လက်ဝှေ့လောကကို စွန့်ခွာသင့်တဲ့အချိန်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် ၄၅ နှစ်အရွယ် လူးကပ်စ်ဘရောင်း က လက်ဝှေ့လောကမှာ အောင်မြင်မှုများ ဆွတ်ခူးနိုင်ခဲ့ခြင်းအပေါ် အမြဲဂုဏ်ယူနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews/22576

PAN

SZ