တာချီလိတ်၊ မေ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာနေ အသက် ၅ နှစ်ကျော် ကလေးငယ်အား မတ်လ ၂၄ ရက်နေ့က တစ်ရွာတည်းနေ အသက် ၁၉ နှစ်အရွယ် အမျိုးသားတစ်ဦးက မုန့်ဖိုးပေးမည်ဟုဆိုကာ မယ်ဟုတ်ချောင်းအနီး၌ သားမယားအဖြစ်ပြုကျင့်၍ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်မှာ မတ်လ ၂၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာနေ မ—င်း၏ အသက် ၅ နှစ် ၆ လ အရွယ်သမီးဖြစ်သူအား ရေချိုးပေးရန်ပြုလုပ်စဉ် သမီးဖြစ်သူမှ မိန်းမကိုယ် နာကျင်ကြောင်း ပြောသဖြင့် မ…. မှ ” ဘာဖြစ်လို့ နာတာလဲ” ဟုမေးမြန်းရာ သမီးဖြစ်သူမှ ချော်လဲ၍ နာကြောင်းပြောပြခဲ့သဖြင့် မယ်ဟုတ်ကျေးရွာရှိ ကျန်းမာရေးဆရာမ ထံသွားရောက်ပြသခဲ့ရာမှ သားမယားအဖြစ် ပြုကျငိ့ခံရကြောင်း သိရှိရသည်။
ကျန်းမာရေးဆရာမမှသမီး ဖြစ်သူ၏ မိန်းမကိုယ်အား ကြည့်ရှုစစ်ဆေးပြီးနောက် မ… ကို ” သမီးဖြစ်သူကို သေချာမေးကြည့်အုံး ချော်လဲရင်အခုလို မဖြစ်နိုင်ဘူး” ဟု ပြောသဖြင့် မ…. မှ သမီးဖြစ်သူအား ထပ်မံမေးကြည့်ရာ မတ်လ ၂၄ ရက်နေ့ နေ့ခင်းပိုင်းက တစ်ရွာတည်းနေ စိုင်းကျောက် (ခ)စိုင်းပုံ မှ မုန့်ဖိုးပေးမည်ပြောကာ မယ်ဟုတ်ရေချောင်းဘေး ခြုံအတွင်း ၅ နှစ်ကျော်အရွယ်ကလေးမ၏ ဘောင်းဘီ အား ချွတ်၍ စိုင်းကျောက်(ခ)စိုင်းပုံ မှ ၎င်း၏ တန်ဆာဖြင့် ထိုးခဲ့ကြောင်း ပြောပြသဖြင့် မ…. လည်း သမီးဖြစ်သူအား စိုင်းကျောက်(ခ)စိုင်းပုံ မှ သားမယားအဖြစ် ပြုကျင့် ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူနှင့်တိုင်ပင်ခဲ့ပြီး သမီးဖြစ်သူအား သားမယားအဖြစ် ပြုကျင့်သူ စိုင်းကျောက်(ခ)စိုင်းပုံ အား ဥပဒေအရ အရေးယူပေးရန် ဟောင်လိတ်ရဲစခန်းကို လာရောက်အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အသက် ၅ နှစ် ၆ လ ကလေးငယ်အား သားမယား အဖြစ် ပြုကျင့်ခဲ့သူ စိုင်းကျောက်(ခ)စိုင်းပုံ၊ ၁၉ နှစ်၊ ဟိုခိုကျေးရွာ၊ ဖန်မင်ကျေးရွာအုပ်စုနေသူအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် (ပ)၃၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
#PAN