စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့ရှိ လုံးခြုံရေးစခန်း ၂ ခုအား အကြမ်းဖက် PDF အဖွဲ့မှ Drop Bombချ တိုက်ခိုက်


(ပြည်တွင်း) မေ ၇

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာအုပ်စု၊ စားကျက်ကလေးကျေးရွာ၏ တောင်ဖက်အနီးရှိ ရွှေအင်းမ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လုံ​ခြုံရေး ဆောင်ရွက်နေသည့် ကျေးရွာ ပြည်သူ့စစ်အဖွဲ့များအား ယမန်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့များမှ Drone ဖြင့် Drop Bomb ၃ လုံးပစ်ချတိုက်ခိုက်ခဲ့ရာ ၁ လုံးမှာ ပေါက်ကွဲခြင်းမရှိခဲ့ကြောင်း၊ ကျန် Drop Bomb ၂ လုံးမှာ ကျောင်းဝင်းအတွင်း ကွင်းပြင်​ပေါ်၌ ကျ​ရောက်ပေါက်ကွဲခဲ့ရာ တစ်စုံတစ်ရာ ထိခိုက် ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် ခ ၇ မိုင် ကျေးရွာအုပ်စု၊ ၄ မိုင်ကျေးရွာအနောက်ဘက် ၃ ဖာလုံ ခန့်အကွာရှိ ၄ မိုင် တာဝါတိုင် စခန်းကုန်းတွင် လုံခြုံရေးတာဝန် ဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့အား စခန်းကုန်း၏ အရှေ့တောင်ဘက် ၃ ဖာလုံခန့်ရှိ ဖော့စဖိတ်စက်ရုံဟောင်း နေရာဘက်မှ အကြမ်းဖက် PDF အင်အား ၃၀ ဦးခန့်သည် Drone ဖြင့် အမြင့်ပေ ၅၀၀ ကျော်ခန့်မှ Drop Bomb များဖြင့် လာရောက် ပစ်ချတိုက်ခိုက်ရာ တာဝါတိုင်ကုန်း ပတ်ဝန်းကျင်သို့ ၂၅ လုံးခန့် ကျရောက်ပေါက်ကွဲသဖြင့် တပ်မတော် မှ လက်နက်ကြီး/ငယ်များဖြင့်ပြန်လည် တုံ့ပြန်ပစ်ခတ် တိုက်ခိုက်လျက်ရှိပြီး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိပါကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22352?single

PAN

ZN #SZ