ရဲ​စခန်းကိုဗုံးလာချစဥ် ရဲကပစ်လို့ အလှူခံပြီးဝယ်ထားသည့်အကြမ်းဖက်အဖွဲ့ဒရုန်း ပျက်ကျ


(ပြည်တွင်း) ဧပြီ ၂၇

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းအား ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၉နာရီခွဲအချိန်ခန့် တွင် အကြမ်းဖက် သောင်းကျန်းသူများမှ ဒရုန်း ဗုံး ၃ လုံးဖြင့် ၁၀ မိနစ်ခန့် တိုက်ခိုက်ခဲ့သည်။

ယင်း​ဗုံးများသည် စခန်းမှူးရုံးခန်းပေါ်သို့ တစ်လုံး ဘန်ကာပေါ်သို့တစ်လုံးနှင့် ဘန်ကာနှင့်စခန်းကြားသို့တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ ဒရုန်းမှာ ရဲစခန်းကိုတိုက်ခိုက်ခဲ့ပြီးနောက် အရှေ့တောင်ဘက်ရှိ သင်္ချိုင်းဘက်သို့ပျံသွားသည့်အတွက် စခန်းရှိ တပ်ဖွဲ့ဝင် များမှ လက်နက်ငယ်များဖြင့် လိုက်လံ ပစ်ခတ်ခဲ့သည်။

တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်အဖွဲ့ထံမှ ဒလက် (၄)ခု တပ်ဆင်ထားသော Drone (၁)စင်းအား စခန်း၏ မီတာ(၅၀၀)ခန့်အကွာ၌ ပျက်ကျ သွားသည့်အတွက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/22069

PAN