ခလရ ၁၄၁ ကို KIA အလုံးအရင်းဖြင့်ဝင်တိုက်

(ပြည်တွင်း)ဧပြီ ၂၇

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့ရှိ ခလရ (၁၄၁) စခန်းကို အကြမ်းဖက်သောင်းကျန်းသူ KIA PDF ပူးပေါင်းအဖွဲ့တို့မှ ဧပြီ ၁၀ ရက်နေ့ ကစတင်ကာ အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ပြီး လက်နက်ကြီးများ၊စနိုက်ဘာ ၊ဒရုန်းများဖြင့် အသည်းအသန်ထိုးစစ်ဆင်ခဲ့ ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယမန်နေ့ ဧပြီ ၂၆ ရက်နေ့ တစ်နေ့လုံးနီးပါးတိုက်ပွဲပြင်းထန်ခဲ့ပြီး အနီးကပ်တိုက်ပွဲအထိ ဖြစ်ပွားခဲ့သော်လည်း စခန်းအတွင်းမှတပ်မတော်သားတို့၏ ပြင်းပြင်းထန်ထန် ခုခံထားနိုင်ရာ စခန်းကို မသိမ်းနိုင်ခဲ့ဘဲ တပ်မတော်လေကြောင်းပစ်ကူရရှိခဲ့ခြင်းကြောင့် ညနေပိုင်းတွင် တိုက်ပွဲအရှိန်လျော့ကျသွားခဲ့သည်။

ယနေ့ ဧပြီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်သောင်းကျန်းသူ KIA PDFတို့က အင်အားအလုံးအရင်းဖြင့် ထပ်မံတိုက်ခိုက်နေသဖြင့် လက်ရှိအချိန်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ ပြောသည်။

#PAN

Telegram link

https://t.me/positiveanglenews