မြန်မာအမျိုးသမီး နေရှင်နယ်လိဂ်ပြိုင်ပွဲရဲ့ ပွဲစဉ်ဇယားများ စတင်ကြေညာ


(ပြည်တွင်း) ဧပြီ ၂၃

Myanmar Women League 2024 အမှတ်ပေးဘောလုံးပြိုင်ပွဲကို မေလ ၇ ရက်မှာ စတင်ကျင်းပသွားမည် ဖြစ်ရာ ဧပြီလ ၂၂ ရက်မှာ ပွဲစဉ်ဇယားများကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက စတင်ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Myanmar Women League 2024 ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး၊ မေလ ၇ ရက်မှ နိုဝင်ဘာ ၈ ရက်အထိ ငါးလကြာ ကျင်းပပြုလုပ်သွားမယ်လို သိရပါတယ်။

ပွဲစဉ်ဇယားအရ ပွဲဦးထွက်တွင် မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီအသင်းနှင့် သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်နှင့် ISPE အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာ ဖြစ်ပါတယ်။

သုံးကျော့စနစ် (3 Round Robin)အရ ပထမအကျော့အား မေလ ၇ ရက်မှ ဇွန်လ ၁၁ ရက်အတွင်း ပွဲစဉ် ၇ ပွဲ အားလည်းကောင်း၊ ဒုတိယအကျော့အနေဖြင့် ဇူလိုင်လ ၁၇ ရက်မှ ဩဂုတ်လ ၂၀ ရက်အတွင်း ပွဲစဉ် ၇ ပွဲအား လည်းကောင်း၊ တတိယအကျော့အား စက်တင်ဘာလ ၆ ရက်မှ နိုဝင်ဘာလ ၅ ရက်အတွင်း ပွဲစဉ် ၇ ပွဲအား လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Myanmar Women League 2023 ဘောလုံးရာသီမှာ မြဝတီအမျိုးသမီးဘောလုံးအသင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိထားတာ ဖြစ်ပြီး ယခုနှစ် ကျင်းပပြုလုပ်တဲ့ မြန်မာနေရှင်နယ်လိဂ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ မှာ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း နှစ်သင်းတို့ ထပ်တိုးယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews/21943

PAN