ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ အုပ်ချုပ်ရေးမှုး ပါ ၄ ဦးအား အကြမ်းဖက် သမား ၂ ဦးက သေနတ်ခတ် သတ်ဖြတ်


(ပြည်တွင်း) ဧပြီ ၂၀

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ညောင်ဦးမြို့နယ်၊ငါ့သရောက် အုပ်စု၊ တောပြားကျေးရွာတွင် ယမန်နေ့ည ၇ နာရီ ၃၅ မိနစ်အချိန်ခန့်က အမျိုးသား ၄ ဦး သေနတ်ပစ်ခံရကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သမားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် တောပြားကျေးရွာ မြောက်ဘက်ထိပ် ကျေးရွာရေပေးဝေရေး ရေစက်အနီးတွင် ဦးတိုင်းကျော်၊ ၅၆ နှစ်၊အုပ်ချုပ်ရေးမှုးအား ဝဲ-မျက်လုံး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-လက်ပြင်အောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ဒူး ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် လည်းကောင်း၊ ဦးသိန်းနိူင်၊ ၄၀ နှစ်တွင် ယာ-နဖူး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-ချိုင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ရှပ်ထိဒဏ်ရာ ၂ ချက်ဖြင့် လည်းကောင်း သေဆုံးခဲ့ရပြီး ဦးညွန့်လှ၊ ၆၉ နှစ်တွင် ဝဲဘက်ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ရှပ်ထိဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)နှင့် ဦးသန့်ဇင်၊ ၄၄ နှစ်တွင် ဝဲဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)တို့ ရရှိထားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ တောပြားကျေးရွာ မြောက်ဘက်ထိပ်ရှိ ကျေးရွာရေပေးဝေရေး ရေစက်အနီးတွင် အဆိုပါ ၄ ဦးမှ ဝိုင်းဖွဲ့စကားပြောနေစဥ် အမည်မသိ အကြမ်းဖက် သမား ၂ ဦးမှ သေနတ်အရှည် ကိုယ်စီကိုင်ဆောင်လျက် သေနတ်ပင်ကျေးရွာဘက်မှ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ကာ လာလမ်းအတိုင်း ပြန်လည် ထွက်ပြေးသွားကြောင်း၊ အခင်းဖြစ်နေရာအနီးမှ M-22 ကျည်ခွံ ၄ ခု၊ ကျည်ထိပ်ဖူး ၁ ခု၊ M-22 ကျည်အ ၂ တောင့်တို့ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21856?single

PAN