မော်လိုက်မြို့နယ်၊ အော်ဇီးခုံကျေးရွာအုပ်စု လမ်းကူး၊ လင်းကြိမ်ရွာမှ တောင်သူများကို အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်


ဧပြီ ၁၇

ယနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ အော်ဇီးခုံကျေးရွာအုပ်စု လမ်းကူး/လင်းကြိမ်ရွာရှိ တောင်သူ မိသားစုဝင်များကို အကြမ်းဖက် PDFအဖွဲ့များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများက ၎င်းကျေးရွာမှ တောင်သူ ၂၀ ဦးကို ယနေ့တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းရွာမှ ကျန်ရှိလူများကိုလည်း ရွာအတွင်းမှ ရွာအပြင်သို့ သွားလာခွင့်မပေးကြောင်း သိရသည်။

အဆိုပါအကြမ်းဖက် PDF အဖွဲ့များသည် လမ်းကူးနှင့် လင်းကြိမ်တွင် ယနေ့လာရောက်ပြီး စခန်းချနေထိုင်ကြောင်း သိရသည်။

အော်ဇီးခုံ၊ စကားခုံ၊ ရွာသစ် စသည့် ရွာများမှပြည်သူများသည် ၎င်းတို့ရွာကို အကြမ်းဖက် PDF များက လာရောက်တိုက်ခိုက် သိမ်းပိုက်မည်ကို စိုးရိမ်သဖြင့် တပ်မတော်မှအဆိုပါ PDF များကို လာရောက် ရှင်းလင်းပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21786

PAN