ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းမြစ်အတွင်း ရေဆင်းကစားရာမှ လူငယ်တစ်ဦး ရေနစ်သေဆုံး


(ပြည်တွင်း) ဧပြီ ၁၆

ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ကျည်တောင်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းနှင့်မျက်နာချင်းဆိုင် မြစ်တစ်ဖတ်ကမ်းတွင် ယနေ့မွန်းတည့်ချိန်က လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မောင်အာဇာနည် (17)နှစ် (ဘ)ဦးဘိုနိူင်၊​မြို့မ​စျေး၊ထွန်း ကား body ဆေးမှုတ်ဝန်ထမ်း(လက်ရှိ)၊မိတ္ထီလာမြို့နယ်၊ကံနောင်ကျေးရွာ​​နေသူအပါဝင် သူငယ်ချင်းလေးယောက်တို့သည် အရက်သေစာသောက်စားပြီးရေကစားကြရာ ​မောင်အာဇာနည် မှာ ရေသို့နစ်မြုပ်သွားခဲ့​ပြီး အနီးအနားမှ ဝိုင်းဝန်းကူညီရှာဖွေခဲ့ကြရာ မွန်းလွဲ၁နာရီခွဲ အချိန်တွင် အသက်သေဆုံးလျှပ် ပြန်လည်တွေရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏အလောင်းအား ကျည်တောင်ကျေးရွာ နာရေးကူညီမှုကားဖြင့် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

https://t.me/positiveanglenews/21758?single

PAN