ချမ်းအေးသာစံမြို့နယ်ရှိ သင်္ကြန်မဏ္ဍပ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ၁၂ဦး ဒဏ်ရာရရှိ


(ပြည်တွင်း)ဧပြီ ၁၄


မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊၇၁×၂၇ လမ်းထောင့်၊မြို့တော်ခန်းမတောင်ဘက်၊ဘယ်ရီဂိတ်ပိတ်ဆို့နေရာ အပြင်ဘက်ရှိ စည်ပင်သာယာ၏ ဆိုင်ကယ်ရပ်နားထားရှိရာနေရာတွင် ယနေ့နံနက် ၁၀နါရီ ၂၅မိနစ်အချိန်ခန့်က ရပ်နားထားရှိသော(အမျိုးအစား/နံပါတ်စီစစ်ဆဲ)ဆိုင်ကယ် အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် ဆိုင်ကယ်ရပ်နားထားရှိသည့် အနီးတွင်ရှိနေသော ကျား ၆ဦး၊မ ၂ဦး၊စုစုပေါင်း ၈ဦး ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

၎င်း အခင်းဖြစ်နေရာဝန်းကျင်အား လုံခြုံရေးအဖွဲ့မှ ထိန်းသိမ်းစီစစ်နေချိန်တွင် နံနက် ၁၀နါရီခွဲအ ချိန်ခန့်၌ ၇၁×၂၈ လမ်းထောင့်၊ဆိုင်ကယ်ရပ်နားစခန်းရှိ ဆိုင်ကယ်အတွင်းမှ ထပ်မံ၍ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနီးတွင်ရှိနေသော ကျား ၃ဦး၊မ ၁ဦး၊စုစုပေါင်း ၄ဦး  ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ကျား ၉ဦး၊ မ ၃ဦး၊ပေါင်း ၁၂ဦးအနက် အမျိုးသား၂ဦးကို (စိုးရိမ်ရ) မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း၊အခင်းဖြစ်နေရာဝန်းကျင်အား ပူးပေါင်းအဖွဲ့မှ လမ်းပိတ်/လမ်းလွှဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုင်းရှင်းလင်းရေးအတွက် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းသို့ အကြောင်းကြား ဆောင်ရွက်ရရှိထားကြောင်း သတင်းရရှိသည်။

#PAN