ပွဲစဉ်များ ပါဝင်ကစားခဲ့ရခြင်း မရှိပေမယ့် ဆုဖလားရခဲ့တဲ့ နေမာ


ဧပြီ ၁၄

နေမာ ဟာ အယ်လ်ဟီလယ်အသင်းကို ပြောင်းရွှေ့ပြီးချိန်နောက်ပိုင်း ဒဏ်ရာကြောင့် ပွဲအနည်းငယ်သာ ကစားခဲ့ရပြီး အနားယူနေရတာဖြစ်ပါတယ်။

ကိုယ်ခန္ဓာဝိတ်တက်လာတဲ့အတွက်လည်း ဆော်ဒီပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရသူဖြစ်ပေမယ့် အယ်လ်ဟီလယ်အသင်းရဲ့ ဆော်ဒီစူပါဖလားရတဲ့ အောင်ပွဲခံအခမ်းအနားမှာ တက်ရောက်ပြီး ဆုတံဆိပ်လိုက်ခံရယူခဲ့ပါတယ်။

တစ်ပွဲမှမကစားရပေမယ့် အသင်းလူစာရင်းမှာ ပါဝင်ခဲ့တဲ့အတွက် နေမာလည်း ဆုတံဆိပ်ရသွားတာဖြစ်ပါတယ်။

ဒီဆုတံဆိပ်ဟာ နေမာ အတွက် ဆော်ဒီမြေမှာပထမဆုံးရတဲ့ ဆုဖလားဖြစ်ပြီးနောက်ထပ် ဆော်ဒီပရိုလိဂ် အမှတ်ပေးချန်ပီယံဖလားကိုလည်းရဖို့ သေချာနေပြီဖြစ်လို့ ၎င်းအနေနဲ့ ပွဲမကစားရပေမဲ့ ဆုဖလား ၂ လုံး ရရှိဦးမှာ ဖြစ်ပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21690

PAN