ဂျပန်နိုင်ငံတွင် လူဦးရေ ၁၃ နှစ်ဆက်တိုက် ဆက်တိုက်လျော့နည်းလာ


ဧပြီ ၁၃

နိုင်ငံခြားသားနေထိုင်သူများအပါအဝင် ဂျပန်နိုင်ငံ၏စုစုပေါင်းလူဦးရေမှာ ယမန်နှစ်ကအထိ ၁၃ နှစ် ဆက်တိုက် ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁ ရက်အထိ နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၁၂၄,၃၅၂,၀၀၀ ရှိကြောင်း ပြည်တွင်း ရေးရာဝန်ကြီးဌာနက ခန့်မှန်းထားသည်။ အဆိုပါ ပမာဏမှာ အစောပိုင်းနှစ်ကထက် လူဦးရေ ၅၉၅,၀၀၀(၀ ဒသမ ၄၈ ရာခိုင်နှုန်း) ကျဆင်းလာခဲ့ကြောင်း သိရသည်။

ပြည်ပမှ တရားဝင်နေထိုင်သူများမပါဝင်ဘဲ ဂျပန်နိုင်ငံ၏ လူဦးရေမှာ ၁၂၁,၁၉၃,၀၀၀ ရှိရာ အစောပိုင်း နှစ်ကထက် ၈၃၇,၀၀၀(၀ ဒသမ ၆၉ ရာခိုင်နှုန်း) လျော့နည်းသွားကြောင်း သိရသည်။

အသက် ၆၅ နှစ်နှင့်အထက် လူအရေအတွက်မှာ ၃၆,၂၂၇,၀၀၀ ရှိသောကြောင့် စုစုပေါင်းလူဦးရေ၏ ၂၉ ဒသမ ၁ ရာခိုင်နှုန်းရှိသဖြင့် ယင်းပမာဏမှာ ပြီးခဲ့သည့်နှစ်ကထက် ၀ ဒသမ ၁ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။

ဆက်လက်ပြီး အသက် ၁၅ နှစ်အောက် လူဦးရေမှာ ၁၄,၁၇၃,၀၀၀ ရှိသောကြောင့် ယင်းပမာဏမှာ နိုင်ငံစုစုပေါင်းလူဦးရေ၏ ၁၁ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်း၊ အသက် ၁၅ နှစ်မှ ၆၄ နှစ်အထိ လူဦးရေမှာ ၇၃,၉၅၂,၀၀၀ ရှိသဖြင့် လွန်ခဲ့သော တစ်နှစ်ကထက် ၂၅၆,၀၀၀ လျော့နည်းသွားကြောင်း သိရသည်။

ဂျပန်နိုင်ငံ၌ ပြည်နယ် ၄၇ ခုရှိသည့်အနက် တိုကျိုမြို့သည် လူဦးရေတိုးလာသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်သည်။ အာခီတပြည်နယ်တွင် လူဦးရေလျော့နည်းမှု အမြင့်ဆုံးဖြစ်ပြီး ယင်းနောက်တွင် အာအိုမိုရီ၊ အိဝါတဲနှင့် ယာမာဂါတာ ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21660

PAN