MoU လုပ်သား ၁၅၀ ထိုင်းသို လေကြောင်းဖြင့် စေလွှတ်မည်


ဧပြီ ၁၃

ထိုင်းနိုင်ငံသို့သွားရောက်မည့် မြန်မာ MoU လုပ်သား ၁၅၀ ကို ဧပြီလ ၂၉ ရက်ကစတင်ပြီး ရန်ကုန်-ဒွန်မောင်း လေကြောင်းခရီးနဲ့ ကနဦးစေလွှတ်ဖို့ စီစဉ်ထားတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲချုပ် MOEAF ကနေ သိရပါတယ်။

လေကြောင်းခရီးနဲ့ စေလွှတ်တာဟာ နယ်စပ်ဂိတ်တွေက ကုန်းလမ်းခရီးနဲ့ စေလွှတ်တာထက် ခရီးစရိတ် အနည်းငယ် ပိုမိုကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လေကြောင်းခရီးနဲ့ စေလွှတ်မှာဖြစ်တာကြောင့် ခရီးစဉ် ကြာချိန် တိုတောင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

MoU အလုပ်သမားတွေ ဒွန်မောင်းလေဆိပ်ကိုရောက်ရှိချိန်မှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက နေထိုင်ခွင့် ၂ နှစ်ပေးမှာဖြစ်ပြီး အလုပ်ရှင် ဒါမှမဟုတ် အလုပ်ရှင်ကိုယ်စားလှယ်က ဒွန်မောင်းလေဆိပ်မှာ အလုပ်သမားတွေကို လာရောက်ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21658

PAN