တိုင်းရင်းဆေးဆရာ(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)နှင့် ၎င်း၏ဇနီးဖြစ်သူ အား အကြမ်းဖက်သမားများမှ သတ်ဖြတ်


(ပြည်တွင်း) ဧပြီ ၁၂

ယနေ့နံနက် ၈ နာရီ ၄၅ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကြက်သားဟင်းကျေးရွာအုပ်စု၊ ကျီအင်းကျေးရွာ၌ လူ ၂ ဦး အသတ်ဖြတ်ခံရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျီအင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်စရာ(ခ)ခင်အောင်၊ ၇၄ နှစ်၊ တိုင်းရင်းဆေးဆရာ(ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ)နှင့် ၎င်း၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းမူ၊ ၅၆ နှစ်တို့သည် နေအိမ်တွင် အတူရှိနေစဉ် အမည်မသိ အကြမ်းဖက်သမား ၆ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး သေနတ်အတို(စိစစ်ဆဲ)များ၊ ဓါးများဖြင့် ပစ်ခတ်/ထိုးခုတ် သတ်ဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

၎င်း ပစ်ခတ်/ထိုးခုတ်မှုများကြောင့် ဦးခင်အောင်တွင် ဝဲဘက်ပါး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်နဖူး ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ဝဲဘက်လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံဘေး ထိုးသွင်းဒဏ်ရာ ၁၀ ချက် နှင့် ဒေါ်စန်းစန်းမူတွင် ဝဲဘက်လက်မောင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲ-ချိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးနေကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးမှ THAI ARM 9MM ကျည်ခွံ ၂ ခု၊ ကျည် ၂ တောင့်တို့အား တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

PAN