အပုပ်နံ့များထွက်နေကြောင်း ပတ်ဝန်း ကျင်နေသူများ၏ သတင်းပေး တိုင်တန်းချက်အရ သွားရောက်စစ်ဆေးရာ သတ်ဖြတ်ခံထားရသော မိသားစု ၃ ဦး တွေ့ရှိ


(ပြည်တွင်း) ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ အောင်​မြေသာစံ မြို့နယ်၊ ၁၀လမ်း၊ ၈၇×၈၈ လမ်းကြား၊ အကွက်(၄၁၅/N2)၊ ညောင်ကွဲရပ်ကွက်အတွင်း မိသားစု ၃ ဦး သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

အမှတ်(၄)နယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ယမန်နေ့ည ၇ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် နယ်မြေအတွင်းလှည့်ကင်း တာဝန်ဆောင် နေစဉ် အောင်မြေသာစံမြို့ နယ်၊ ၁၀လမ်း၊ ၈၇×၈၈ လမ်းကြား၊ အကွက်(၄၁၅/N2)၊ ညောင်ကွဲရပ်ကွက်ရှိ ဦးမြင့်စိုးနှင့် ဇနီးဒေါ်မြသန်းထိုက်၊ သား ထက်လင်းစိုးတို့ မိသားစု ၃ ဦးနေထိုင်သည့်နေအိမ်မှာ လွန်ခဲ့သော ၃ ရက်ခန့်ကတည်းက ပိတ်ထားသည်ကိုတွေ့ရှိရပြီး အပုပ် နံ့များထွက်နေကြောင်း ပတ်ဝန်း ကျင်နေသူများ၏ သတင်းပေး တိုင်တန်းချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သက်သေအဖွဲ့နှင့်အတူ အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ဦးမြင့်စိုး၏ နေအိမ်တံခါးသော့အား ရိုက်ဖွင့်၍ နေအိမ်အတွင်းသို့ ဝင်ရောက်ကြည့်ရှု့စစ်ဆေးရာ နေအိမ်အရှေ့အိပ်ခန်းအတွင်း၌ ထက်လင်းစိုး၊ ၄၂ နှစ်မှာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲ/ယာပါး ပြတ်ရှဒဏ်ရာ၊ လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဝမ်းဗိုက် ပွင့်ထွက်ဒဏ်ရာဖြင့် သွေးများထွက်ကာ သေဆုံးနေပြီး၊ နေအိမ်အနောက်ဘက်အခန်းတွင် ဒေါ်မြသန်းထိုက်၊ ၆၇ နှစ်မှာ ဦးခေါင်း ဝဲဘက်နားထင်တွင် ဓါးရှည် ၁ လက် စိုက်ဝင်ဒဏ်ရာဖြင့် သေဆုံးလျှက်ရှိကာ၊ နေအိမ်အနောက်ဘက် ရေချိုးခန်းအတွင်း ဦးမြင့်စိုး၊ ၇၀ နှစ်မှာ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် မှောက်လျှက် အနေအထားနှင့် အသီးသီးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Telegram Link>>…
https://t.me/positiveanglenews/21618

PAN