
(နိုင်ငံတကာ) ဇွန် ၄
အင်ဒိုနီးရှားနိုင်ငံတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး နှိမ် နင်းမှုများ ပြင်းထန်စွာ ဆောင်ရွက်နေစဉ်အတွင်း၊ လူဝင်မှုကြီး ကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းများ စီမံခန့်ခွဲမှုတွင် မမှန်မကန် လုပ်ဆောင်ခဲ့သည်ဟူသော သံသယဖြင့် လူဝင်မှု ကြီးကြပ်ရေးနှင့် အကျဉ်းဦးစီးဌာန ဒုတိယဝန်ကြီးကို ဖမ်းဆီးလိုက်သည်။
အင်ဒိုနီးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မ ရှင် (KPK)၏ ပြောရေးဆိုခွင့်ရှိသူ ဘူဒီ ပရာဆက်တို (Budi Prasetyo)က ဒုတိယဝန်ကြီး ဆီလ်မီ ကာရင် (Silmy Karim) အား ဖမ်းဆီးလိုက်ကြောင်း ကြာသပတေး နေ့တွင် ရိုက်တာသတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ အဂတိ လိုက်စားမှုသည် သမ္မတဟောင်း ဂျိုကို ဝီဒိုဒို (Joko Widodo) လက်ထက် ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကာရင်က လူဝင် မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကာရင်ကို ဗုဒ္ဓဟူးနေ့ညပိုင်းက KPK ရုံးတွင် စစ်ဆေးမေး မြန်းခဲ့ပြီး၊ ၁၀ နာရီခန့်အကြာ ကြာသပတေးနေ့ နံနက်ပိုင်းတွင် လက်ထိတ်ခတ်လျက်၊ လိမ္မော်ရောင် အကျဉ်းသားအင်္ကျီကို ဝတ်ဆင်၍ ချုပ်နှောင်ရာနေရာသို့ လွှဲပြောင်းရန် ခေါ်ဆောင်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ကော်မရှင် (KPK)အနေဖြင့် ယခုအမှုတွင် အခြားသံသယရှိသူ ၇ ဦးကိုလည်း ထပ်မံဖော်ထုတ်ထားပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဟု ဆိုသည်။
ယခုဖမ်းဆီးမှုသည် အင်ဒိုနီးရှား ရှေ့နေချုပ်ရုံး (AGO) က လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ၏ အာဟာရချို့တဲ့မှု တိုက်ဖျက်ရေး ‘အခမဲ့ကျောင်းမုန့်ကျွေးခြင်း အစီအစဉ်’ ကို ကြီးကြပ်ကွပ်ကဲခဲ့သည့် အမျိုးသားအာဟာ ရအေဂျင်စီ အကြီးအကဲဟောင်း ဒါဒန် ဟင်ဒါယာနာ (Dadan Hindayana)အား အဂတိမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အဆိုပါ အခမဲ့ကျောင်းမုန့်ကျွေးခြင်း လုပ်ငန်းစဉ်များကို စာသင်ကျောင်းများတွင် လုပ်ဆောင်နေသည့် ဖောင်ဒေးရှင်းများမှတစ်ဆင့် အကောင် အထည်ဖော်ရာတွင် မမှန်မကန် ငွေကြေးသုံးစွဲမှုများ ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အတွင်းရေးမှူးရုံး ဝန်ကြီး ပရာဆက်တို ဟာဒီ (Prasetyo Hadi) က “ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကျွန်တော်တို့ လုံးဝ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပွားခဲ့လို့ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ပြောကြားခဲ့ပြီး၊ အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယခုနှစ် ဧပြီလအတွင်းကလည်း ပြည်သူ့ရှေ့ဆောင်အရာရှိချုပ် (Chief Ombudsman) ဖြစ်သူသည် ရာထူးခန့်အပ်ခံရပြီး ၆ ရက်အကြာတွင် ဒေသ ခံ နီကယ်ကုမ္ပဏီတစ်ခုထံမှ တံစိုးလက်ဆောင်ယူမှုဖြင့် ဖမ်း ဆီးခြင်း ခံခဲ့ရဖူးသည်။
Telegram»…
https://t.me/positiveanglenews
#PAN