မကွေးမြိုမှာ အဝေးပြေးယာဥ်များ ထပ်တိုးပြေးဆွဲပေးနေ


(ပြည်တွင်း) ဧပြီ ၁၂

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းမှာ နေရပ်ပြန်မယ့်သူတွေ အဆင်ပြေစေဖို့ ခရီးသည်တင်ယာဥ်တွေ ထပ်တိုး ပြေးဆွဲပေးနေတယ်လို့ မကွေးမြို့ပုဂ္ဂလိကယာဥ်လိုင်းများ ကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။

မကွေးတိုင်းဒေသကြီးကနေ အခြားနယ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ နေရာတွေကို ထွက်ခွာလုပ်ကိုင်နေကြတဲ့ ခရီးသည်တွေအနေနဲ့ ရုံးပိတ်ရက်မတိုင်ခင် နေရပ်ပြန်တာတွေ ရှိတဲ့အတွက် ကားဂိတ်တွေ ကနေ ခရီးသည်ယာဥ်တွေကို ဧပြီ ၁၂ ရက်နေ့အထိ ယာဥ်လိုင်းတစ်လိုင်းကို ကား ၅ စီးနဲ့ ထပ်တိုးပြေးဆွဲပေးနေတာလို့ မကွေးမြို့ ပုဂ္ဂလိကယာဥ်လိုင်းများ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်ကနေပြန်လာမယ့်ခရီးသည်ဦးရေက အများဆုံးဖြစ်ပြီး ကားလက်မှတ်တစ်စောင်ကို အမြင့်ဆုံးစျေးက ၃၅,၀၀၀ ကျပ်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

သင်္ကြန်အခါကြီးရက်နီးပြီဖြစ်တာကြောင့် ဒေသတွင်းခရီးသွားလာမှုက များပြားနေရာ တစ်ရက်ကို ဒေသတွင်းပြေးဆွဲနေတဲ့ကားအစီးရေ တစ်ရာကျော်ရှိပြီး အဝေးပြေးယာဥ်လိုင်းကတော့ လိုင်းပေါင်း ၂၀ ကျော် ရှိတယ်လို့ သိရပါတယ်။

အဝေးပြေးယာဥ်လိုင်းတွေအနေနဲ့ သင်္ကြန်ပိတ်ရက်ပြီးရင် အလုပ်ပြန်သွားမယ့် ခရီးသည်တွေအတွက် ကားအစီးရေကို ထပ်တိုးပြေးဆွဲဖို့ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21616

PAN