မြစ်ကြီးနားသို့ သယ်ဆောင်လာသည့်ဘိန်းဖြူများ မိုးညှင်းမြို့တွင်ဖမ်းဆီးရမိ


ဧပြီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ သယ်ဆောင်လာသည့် ဘိန်းဖြူများကို မိုးညှင်းမြို့တွင် ဧပြီလ ၉ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်တွင် ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များကို စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မဝေဝေလွင် (ခ)ဝေဝေ သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာများအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသော ဘိန်းဖြူအလေးချိန် ၂ ဒဿမ ၈၈ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် သိန်း ၇၂၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါမူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မဝေဝေလွင် (ခ)ဝေဝေ (၂၄)နှစ်ကို မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21611

PAN