ရုရှားနှင့်နယ်စပ်သို ဂျာမန်စစ်သည်များ ရောက်ရှိလာ


ဧပြီ ၁၀

ရှေ့ပြေး ဂျာမန်စစ်သည်အဖွဲ့တစ်ဖွဲ့သည် ရုရှားနိုင်ငံနှင့် နယ်စပ်ဖြစ်သော လစ်သူရေးနီးယားနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

ထိုစစ်သည်များသည် ဂျာမန်တပ်မတော်က လစ်သူရေးနီးယားနိုင်ငံ၌ အမြဲတမ်း အခြေစိုက်မည့် အင်အားပြည့် သံချပ်ကာတပ်မတစ်ခုအတွက် ရှေ့ပြေးတပ်ဖွဲ့တစ်ဖွဲ့ကို ဦးစွာစေလွှတ်လိုက်ခြင်း ဖြစ်သည်။

ရုရှားနိုင်ငံကမူ ဂျာမနီတို့၏ အဆိုပါလုပ်ဆောင်ချက်ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်ထားပြီး တုံပြန်ရန် သီးခြားလုပ်ဆောင်ချက်များ လိုအပ်မည်ဟု သတ်မှတ်ထားသည်။

အဆိုပါ ဂျာမန်စစ်သည်များသည် ဧပြီလ ၈ ရက်တွင် ဂျာမနီနိုင်ငံမှလစ်သူရေးနီးယားနိုင်ငံသို့ ထွက်ခွာလာခြင်းဖြစ်ပြီး ၎င်းတို့ကို ဂျာမန်ကာကွယ် ရေးဝန်ကြီး ကိုယ်တိုင် ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

ယခုကဲ့သို့ စစ်သည်များကို စေလွှတ်ဖြန့်ကြက်ခြင်းသည် NATO အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဂျာမနီက စည်းလုံးညီညွတ်စွာတည်ရှိကြောင်း ပြသခြင်းဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထိုတပ်မကို Panzerbrigade 45 ဟု အမည်ပေးထားပြီး စစ်ဆင်ရေးတာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်သည့် ၂၀၂၇ ခုနှစ် အရောက်တွင် စစ်သည်အင်အား ၄,၈၀၀ ခန့်နှင့် အရပ်သားဝန်ထမ်း ၂၀၀ အထိရှိလာမည်ဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

PAN