ရန်ကုန်ဆိပ်ကမ်းများမှ ဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား နိုင်ငံတွေကို စိုက်ပျိူုးရေး နှင့် ရေထွက်ကုန်များ ယနေ့ပို့ဆောင်မည်


နေပြည်တော် ဧပြီ ၈

ရန်ကုန်ဆိပ်ကမ်းများမှ ဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယ၊ မလေးရှား နိုင်ငံတွေကို စိုက်ပျိူုးရေး နှင့် ရေထွက်ကုန်များ ယနေ့ပို့ဆောင်မည်


နေပြည်တော် ဧပြီ ၈

နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် ဆူးလေဆိပ်ခံတံတားအမှတ် ၆ (SPW-6) မှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၅၀၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON-4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀ ကို ထိုင်းနိုင်ငံသို့ လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇၅၀၀ ကို အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL – 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇၀၀ ကို ထိုင်းနိုင်ငံသို့လည်း ကောင်း တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် MITT-1 ဆိပ်ကမ်းမှ MV. MAERSU DAVAO သင်္ဘော သည် ယနေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ် အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်များကို ကုန်သေတ္တာ ၆၂၁ လုံးဖြင့် မလေးရှားနိုင်ငံသို့လည်းကောင်း၊ AWPT ဆိပ်ကမ်းမှ MV. SITC CHENMING သင်္ဘောသည် ယနေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီး အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်းနှင့်ရော်ဘာများကို ကုန်သေတ္တာ ၅၃၃ လုံးဖြင့် ဗီယက်နမ်နိုင်ငံသို့လည်းကောင်း တင်ဆောင်ပြီး ထွက်ခွာမည်ဖြစ်သည်။

အလားတူ ဧပြီ ၉ ရက်တွင် MHM ဆိပ်ကမ်းမှ MV.MCL – 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ ကို ထိုင်းနိုင်ငံသို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇၀၀ ကို ထိုင်းနိုင်ငံသို့ လည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် AIPT-3 ဆိပ်ကမ်းမှ MV. RAINBOW SYMPHONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ဧပြီ ၇ ရက်တွင်လည်း SPW-3 ဆိပ်ကမ်းမှ MT. TURAN C သင်္ဘောဖြင့် ဆန်တန် ချိန် ၁၂၀၀၀ကို စပိန်နှင့် ကင်မရွန်း နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

PAN