အပူဒဏ်သီးသန့်ကုသခန်းများထားရှိ


ဧပြီ ၉

အပူဒဏ်သီးသန့်ကုသခန်းများထားရှိ


ဧပြီ ၉

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အပူဒဏ်နဲ့ဆက်စပ်တဲ့ ရောဂါတွေအတွက် ကုသမှုနည်းလမ်းတွေ၊ ဆေးဝါးတွေ နဲ့ သီးသန့်ကုသမှုပေးနိုင်မယ့် ကုသခန်းတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ သိရပါတယ်။

၂၀၂၃ ခုနှစ်က တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ ဆေးရုံတွေမှာ အပူဒဏ်နဲ့ပတ်သက်ပြီး ဖြစ်ပေါ် လာတဲ့ ရောဂါအမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသတဲ့လူနာ ၄၀၀ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ၊ အရက်သေစာသောက်စားထားတဲ့သူတွေနဲ့ မူးယစ်ဆေးသုံးစွဲ ထားသူတွေမှာ အပူဒဏ်နဲ့ပတ်သက်တဲ့ရောဂါတွေ အဖြစ်များတယ်လို သိရပါတယ်။

ဒါ့အပြင် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းလျမှုနဲ့အတူ ခန္ဓာကိုယ်မှာရှိတဲ့ ရေနဲ့ဆားဓာတ်တွေ ပျက်စီးဆုံးရှုးပြီး အရေပြားတွေပူလာတာ၊ ခန္ဓာကိုယ် အပူချိန်မြင့်တက်တွေ ဖြစ်ပေါ်နိုင်ပြီး ခေါင်းမူးတာ၊ ချွေးထွက်တာ၊ ပျို၊ အန်တာတွေ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

အခုလိုအဆင့်တွေမှာ ကုသမှုမပြုလုပ်ပါက နောက်တစ်ဆင့်ကူးသွားပြီး အပူဒဏ်ကြောင့် သတိလစ် မေ့မျောနိုင်တဲ့ အပြင်းထန်ဆုံးအဆင့်အထိကို ရောက်ရှိနိုင်တာကြောင့် သတိပြုဖို လိုအပ်တယ်လို့ သိရပါတယ်။

အဲဒီလိုအချိန်မှာ အရေပြားပူပြီး ခြောက်သွားကာ ဦးနှောက်နဲ့အာရုံကြောတွေ ထိခိုက်တဲ့လက္ခဏာတွေ ပိုလာတာ ကြောင့် လူနာဟာ ဂယောင်ခြောက်ခြားဖြစ်လာတာ၊ စိတ်အခြေအနေနဲ့ လှုပ်ရှားမှုပုံစံတွေပြောင်းပြီး သတိလစ်တာ၊ တက်တာတွေအထိ ဖြစ်ပွားနိုင်တာကြောင့် လူနာကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကိုအမြန်ဆုံးပို့ဆောင်ပေးဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

PAN