ဧပြီ ၉
လျှပ်စစ်ဓာတ်အားခကို ဘဏ်နှင့် ကုမ္ပဏီ ၁၇ ခုမှတစ်ဆင့် ဓာတ်အားခ ပေးဆောင်နိုင်
ဧပြီ ၉
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက လျှပ်စစ်ဓာတ်အားခများကို မြို့နယ်ရုံးကောင်တာများမှာ တန်းစီပေးဆောင်စရာမလိုဘဲ လွယ်ကူလျင်မြန်စေရေးအတွက် စီစဉ်ထားပြီး ဘဏ်များ၊ ကုမ္ပဏီများရဲ့ Mobile Application၊ Wallet များ၊ Pay များမှတစ်ဆင့် ပေးဆောင်နိုင်တဲ့ နည်းလမ်းများအတိုင်း သတ်မှတ်ထားသော နောက်ဆုံးရက် မတိုင်မီပေးဆောင်နိုင်ပါကြောင်း သိရပါတယ်။
အဆိုပါ ဘဏ်နှင့် ကုမ္ပဏီများမှာ KBZ ဘဏ်၏ Mobile Banking, KBZ Pay ၊ Mytel ရဲ့ Mytet Pay ၊ CB ဘဏ် ရဲ့ CB Pay ၊ AYA Bank ၏ Mobile Banking, internet Banking, AYA Pay ၊ UAB Bank ရဲ့ uab mobile, Banking, uab pay ၊ Ok$ ရဲ့ Ok$၊ Yoma Bank ရဲ့ Mobile Banking ၊ MAB Bank ရဲ့ Mobile Banking၊ Myanmar Mobile Money ရဲ့ Easy Pay တို့နဲ့ ပေးဆောင်နိုင်ကြောင်း သိရပါတယ်။
ဒါ့အပြင် MOB Bank ရဲ့ Mobile Banking, Tun Commercial Bank ရဲ့ Internet Banking, Citizens Bank ရဲ့ Citizens Pay, AGD Bank ရဲ့ One Pay, Shwe Bank ရဲ့ Mobile Banking, Mo Money, A Bank ရဲ့ A Plus, Ooredoo ရဲ့ Ooredoo Application, M-Pitesan နှင့် Wave Money တို့မှလည်း ပေးဆောင်နိုင်ကြောင်း သိရပါတယ်။