မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

(မှုခင်း) နိုဝင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် ယနေ့ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းမီးငြှိမ်းသမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုမှာ နံနက် ၄ နာရီ ၁၆ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ
အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး နံနက် ၄ နာရီ ၃၈ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူကို မြို့မလူမှုကယ်ဆယ်ရေးအသင်း၏ သူနာတင်ယာဉ်ဖြင့် မှော်ဘီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN