ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ခြင်း လုပ်ငန်းစဉ်များအကြောင်း သိကောင်းစရာ

မင်းခန့်ကျော်(ဥပဒေ)

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်ကတည်းက တည်ရှိခဲ့တာပါ။ ၂၀၁၀ ပြည့်နှစ်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှသာ ဥပဒေအသက်ဝင်လာတာဖြစ်ပါတယ်။

နိုင်ငံသားတိုင်းဟာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ရှိတဲ့အတွက် ဒီတာဝန်ကိုထမ်းဆောင်နိုင်ရေး စစ်ပညာသင်ကြားဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ဖို့ ဥပဒေပြဋ္ဌာန်းရခြင်း ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းကို ပြည်သူတွေသိရှိနိုင်ဖို့အတွက် ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာ ရှင်းလင်းဖော်ပြတာတွေ၊ ဆွေးနွေးပွဲပြုလုပ်တာတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ၊ ဆက်သွယ်ရေးအော်ပရေတာတွေကနေ SMS ပို့ပြီး ရှင်းလင်းဖော်ပြတာတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ပြည်သူတွေကြားမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ပတ်သက်လို့ သို့လောသို့လောနဲ့ ရှင်းရှင်းလင်းလင်း မသိရှိကြသေးတာကိုလည်း တွေ့နေရပါတယ်။

ဒါ့ကြောင့်မို့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်တဲ့လုပ်ငန်းစဉ်တွေအကြောင်း သိကောင်းစရာတွေကို ရေးသား ဖော်ပြသွားမှာဖြစ်ပါတယ်။ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်တဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် နည်းဥပဒေမထုတ်ပြန်မီမှာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ရေးဆွဲဆောင်ရွက်ခဲ့ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အညီ ရေးဆွဲထားတဲ့ ဒီလုပ်ထုံးလုပ်နည်းတွေထဲမှာပါတဲ့ သတ်မှတ်ချက်တွေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဉ်တွေကို ရှင်းလင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ မိမိ ရပ်ကွက်၊ ကျေးရွာအုပ်စုမှာ နေထိုင်တဲ့ နိုင်ငံသားတွေအနက် စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်သူတွေရဲ့ စာရင်းကို ကောက်ယူပြုစုပြီး ဗဟိုအဖွဲ့က သတ်မှတ်ပေးတဲ့နေ့မှာ ပုံစံ (၁) နဲ့ မြို့နယ်အဖွဲ့ကို ပေးပို့ရမှာဖြစ်ပါတယ်။

မြို့နယ်အဖွဲ့အနေနဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ တွေက ပေးပို့လာတဲ့ ပုံစံ(၁)မှာ ပါဝင်သူတွေကို မှတ်ပုံတင်စာရင်းသွင်း ဖို့အတွက် ပုံစံ (၂)နဲ့ ဆင့်ခေါ်မှာဖြစ်ပါတယ်။ဆင့်ခေါ်ခြင်းခံရသူက ကိုယ်တိုင်လာရောက်တယ်ဆိုရင် ပုံစံ (၃-က) ကို ဖြည့်စွက်ခိုင်းပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုးစေရမှာ ဖြစ်ပါတယ်။

ဆင့်ခေါ်ခြင်းခံရသူက ကိုယ်တိုင်မလာရောက်နိုင်လို့ ကိုယ်စား လာရောက်သူကို ပုံစံ (၃-ခ) ကို ဖြည့်စွက်ခိုင်းပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုးစေရမှာဖြစ်ပါတယ်။မြို့နယ်အဖွဲ့အနေနဲ့ ပုံစံ(၃-က)၊ ပုံစံ(၃-ခ) ဖြည့်စွက်ပြီးသူတွေကို ပုံစံ(၄)မှာ မှတ်ပုံတင်စာရင်းရေးသွင်းရမှာ ဖြစ်ပါတယ်။

မြို့နယ်အဖွဲ့အနေနဲ့ ပုံစံ (၄) တွေမှာ ပါတဲ့စာရင်းကို သက်ဆိုင်ရာ နေပြည်တော်အဖွဲ့၊ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့တွေကတစ်ဆင့် ဗဟိုအဖွဲ့ကို ပေးပို့ရမှာဖြစ်ပါတယ်။ဗဟိုအဖွဲ့အနေနဲ့ မြို့နယ်အဖွဲ့ကပေးပို့လာတဲ့ စာရင်းတွေကို စိစစ်ပြီး ဆေးစစ်ဆေးဖို့ ဆင့်ခေါ်ရမယ့်သူအရေအတွက်ကို သတ်မှတ်ပေးကာ မြို့နယ်အဖွဲ့ကို အဆင့်ဆင့်ပေးပို့ရမှာဖြစ်ပါတယ်။မြို့နယ်အဖွဲ့အနေနဲ့ ဗဟိုအဖွဲ့က သတ်မှတ်ပေးတဲ့ လူအရေ အတွက်ကို ဆေးစစ်ဖို့အတွက် ပုံစံ (၆) နဲ့ ဆင့်ခေါ်ရမှာဖြစ်ပါတယ်။

ပုံစံ(၄)မှာ အောက်ကဏ္ဍရပ်တွေအလိုက် ပုံစံ(၄-က)၊ (၄-ခ)၊ (၄-ဂ)၊ (၄-ဃ) ဆိုပြီး လေးမျိုးခွဲခြားထားပါတယ်-(က)    ပြည်သူ့စစ်မှုထမ်းဖို့ မိမိဆန္ဒအလျောက် ဆန္ဒပြုသူတွေ၊ ပုံစံ(၄-က)( ခ )   ကင်းလွတ်ခွင့်ရရှိသူအမျိုးအစားနဲ့ ယာယီရွှေ့ဆိုင်းခွင့် လျှောက်ထားနိုင်သူ အမျိုးအစားတို့တွင် အကျုံးမဝင်သူ တွေ၊ပုံစံ(၄-ခ)(ဂ)     ယာယီရွှေ့ဆိုင်းခွင့် လျှောက်ထားနိုင်သူအမျိုးအစားတွင် အကျုံးဝင်သူတွေ၊ ပုံစံ (၄-ဂ)(ဃ)    ကင်းလွတ်ခွင့်ရရှိသူ အမျိုးအစားတွင် အကျုံးဝင်သူများ။ ပုံစံ(၄-ဃ)မြို့နယ်အဖွဲ့အနေနဲ့ ပုံစံ (၄) တွေမှာ မှတ်ပုံတင်စာရင်းသွင်းပြီးသူတွေကို ပုံစံ(၅)နဲ့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမှာဖြစ်ပါတယ်။

ဆေးစစ်ဖို့ ဆင့်ခေါ် ခြင်းခံရသူတွေကို တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့နဲ့ ဆေးစစ်ဆေးမှာဖြစ်ပါတယ်။ဆေးစစ်ဆေးမှုခံယူပြီးတဲ့သူတွေအနေနဲ့ ဆေးစစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ အတည်ပြုချက်ရတဲ့နေ့ကစလို့ ခုနစ်ရက်အတွင်း ကင်းလွတ်ခွင့်၊ ကာလအပိုင်းအခြားလျှော့ပေါ့ခွင့်၊ ကာလအပိုင်း အခြားတစ်ခုအထိ ရွှေ့ဆိုင်းခွင့်တို့ကို လျှောက်ထားရမှာဖြစ်ပါတယ်။ ကင်းလွတ်ခွင့် လျှောက်ထားမယ်ဆိုရင်တော့ ပုံစံ(၇-က) နဲ့လျှောက်ထားရမှာဖြစ်ပါတယ်။

ဥပဒေအရ ကင်းလွတ်ခွင့်ရသူတွေကတော့– သာသနာ့ဝန်ထမ်းတွေ၊- အိမ်ထောင်သည်အမျိုးသမီးတွေ၊ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်ပါတယ်)- ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူတွေ၊ – တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူ တွေနဲ့- ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ် ခွင့်ပြုထားသူတွေပဲ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ဗဟိုအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ထပ်မံကင်းလွတ်ခွင့်ပြုထားသူတွေ ကတော့– ဉာဏ်အရည်အသွေးမမီတာနဲ့ အကျင့်စာရိတ္တပျက်ပြားတာ တွေကြောင့် စစ်မှုထမ်းဖို့ မသင့်လျော်သူတွေ၊- ဆေးစစ်ဆေးမှုသတ်မှတ်ချက်အရ စိတ်ပေါ့သွပ်သူ၊ စိတ်ပေါ့သွပ်သူလို့ သက်ဆိုင်ရာဥပဒေအရ သတ်မှတ်ခြင်းခံရသူတွေ၊- နိုင်ငံအတွက်တာဝန်ထမ်းဆောင်နေပြီး အစားထိုးဖို့မဖြစ်နိုင်သေးတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊- တိုက်ပွဲမှာကျဆုံးခဲ့တဲ့ တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ သားသမီးအရင်းအချာတွေ၊- အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲ တွေမှာ နိုင်ငံ့ဂုဏ်ဆောင် ရွှေ၊ ငွေ၊ ကြေးတံဆိပ်တစ်ခုခု ရရှိ ထားတဲ့ အားကစားသမားတွေ၊- နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်နေပြီး တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နဲ့ အထက်ရှိတဲ့ ဆရာဝန်နဲ့သူနာပြုတွေ၊- တစ်ဆက်စပ်တည်း လုပ်သက် ၂ နှစ်နဲ့အထက်ရှိတဲ့ တပ်မတော်စစ်သည်အစားခန့် အရပ်သားဝန်ထမ်းတွေ၊- ကင်းလွတ်ခွင့်ပြုဖို့ မဖြစ်မနေလိုအပ်နေသူတွေအဖြစ် ကျိုးကြောင်းခိုင်လုံစွာ တင်ပြနိုင်သူတွေပဲဖြစ်ပါတယ်။

စစ်မှုထမ်းရမယ့် ကာလအပိုင်းအခြားကို လျှော့ပေါ့ပေးဖို့ လျှောက်ထားမယ်ဆိုရင်တော့ ပုံစံ(၇-ခ) နဲ့လျှောက်ထားရမှာ ဖြစ်ပါ တယ်။ ကာလအပိုင်းအခြား လျှော့ပေါ့ပေးတာနဲ့ပတ်သက်လို့ ဗဟို အဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့အချက် တွေကတော့– လျှောက်ထားသူရဲ့ မိဘနှစ်ပါးစလုံးဟာ နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင်နေဆဲဖြစ်ရင်၊ သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ရင် လျှောက်ထားသူကို ဥပဒေအရထမ်းဆောင်ရမယ့် ကာလရဲ့တစ်ဝက်ကို လျှော့ပေါ့ ပေးနိုင်ခြင်း၊- လျှောက်ထားသူရဲ့ မိဘနှစ်ပါးအနက် တစ်ဦးဦးဟာ နိုင်ငံ့ ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၂၀ ထက်မနည်း တာဝန်ထမ်းဆောင် နေဆဲဖြစ်ရင်၊ သက်ပြည့်အငြိမ်းစားယူခဲ့သူဖြစ်ရင် လျှောက် ထားသူကို ဥပဒေအရထမ်းဆောင်ရမယ့် ကာလရဲ့ သုံးပုံတစ်ပုံ ကို လျှော့ပေါ့ပေးနိုင်ခြင်း၊- ပြည်သူ့စစ်မှုထမ်းတစ်ဦးဟာ တာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိခဲ့မယ်ဆိုရင် ထိခိုက်ဒဏ်ရာရရှိတဲ့နေ့နောက်ပိုင်း ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ကျန်ရှိနေတဲ့ကာလကို လျှော့ပေါ့ပေးနိုင်ခြင်းဆိုတဲ့အချက် တွေပဲဖြစ်ပါတယ်။

သီးခြားဖော်ပြထားတဲ့ ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားမယ်ဆိုရင်တော့ ပုံစံ (၇-ဂ) နဲ့လျှောက်ထားရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မှုထမ်းရမယ့် တာဝန်ကနေ ယာယီရွှေ့ဆိုင်းခွင့် လျှောက်ထားနိုင်သူတွေကတော့– ယာယီအားဖြင့် စစ်မှုထမ်းနိုင်မယ့် ကျန်းမာရေးအဆင့်မမီကြောင်း တပ်မတော် ဆေးစစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ ထောက်ခံချက်ရရှိထားသူတွေ၊        – နိုင်ငံ့ဝန်ထမ်းတွေ၊- ပညာသင်ကြားနေသူတွေ၊ (ပညာသင်ကြားနေသူတွေလို့ဆိုတဲ့အခါမှာ တရားဝင်အသိအမှတ်ပြုထားတဲ့ ပြည်တွင်း၊ ပြည်ပတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေမှာ ပညာသင်ကြား နေတယ်ဆိုတာ ခိုင်လုံတဲ့ အထောက်အထား တင်ပြနိုင်သူတွေကို ဆိုလိုတာပဲဖြစ်ပါတယ်)၊- အခြားပြုစုစောင့်ရှောက်မယ့်သူ မရှိတဲ့မိအိုဖအိုတွေကို ပြုစုလုပ်ကျွေးနေသူတွေ၊ (အခြားပြုစုစောင့်ရှောက်မယ့်သူ မရှိတဲ့ မိအိုဖအိုတွေကို ပြုစုလုပ်ကျွေးနေသူတွေ ဆိုတာကတော့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ပြီး တစ်ပါး သူရဲ့ အကူအညီမပါဘဲ မိမိကိုယ်တိုင် ရပ်တည်နိုင်ဖို့မဖြစ်နိုင်တဲ့ အတူနေ အမိအရင်း၊ အဖအရင်းတွေကို ပြုစုစောင့်ရှောက်နေရ သူတွေကို ဆိုလိုတာပဲဖြစ်ပါတယ်)၊- မူးယစ်ဆေးဝါးဖြတ်ဖို့ ဆေးကုသမှုခံယူနေသူတွေ၊ (မူးယစ် ဆေးဝါးဖြတ်ဖို့ ဆေးကုသမှုခံယူနေသူတွေ ဆိုတာကတော့ မူးယစ်ဆေးဝါးသုံးစွဲသူဟာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်တဲ့ဌာန၊ ဂေဟာဒါမှမဟုတ် အစိုးရက အသိအမှတ်ပြု ဆေးကုသဌာန၊ ဂေဟာမှာမူးယစ်ဆေးဝါးဖြတ်ဖို့ ဆေးကုသမှုခံယူနေသူတွေကို ဆိုလိုတာပဲဖြစ်ပါတယ်)၊- ထောင်ဒဏ်ကျခံနေသူတွေပဲ ဖြစ်ပါတယ်။

ကာလအပိုင်းအခြားတစ်ခုအထိ ရွှေ့ဆိုင်းပေးတာနဲ့ပတ်သက်လို့ ဗဟိုအဖွဲ့က အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့အချက် တွေကတော့– ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိတဲ့နေ့မှ သတ်မှတ်ထားတဲ့ နေ့ရက်အတိုင်း သတင်းပို့တာမလုပ်ရသေးမီ ကာလအတွင်း မိဘတစ်ဦးဦးဖြစ်စေ၊ အိမ်ထောင်သည်အမျိုးသားဖြစ်ပါက ဇနီးဖြစ်စေ ရုတ်တရက်သေဆုံးသွားခြင်း၊-         ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိတဲ့နေ့မှ သတ်မှတ်ထားတဲ့နေ့ရက်အတိုင်း သတင်းပို့တာမလုပ်ရသေးမီကာလအတွင်း မတော်တဆ ဖြစ်ရပ်တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူရဲ့ ပယောဂကြောင့်ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တစ်ခုခုအပြင်းအထန်ဒဏ်ရာရရှိသူဖြစ်ခြင်း၊- ဥပဒေနဲ့အညီ ချုပ်နှောင်ခံနေရသူ၊ တရားရုံးတစ်ခုခုတွင် အမှု ရင်ဆိုင်နေရသူဖြစ်ခြင်း၊- နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူ နေသူဖြစ်ခြင်း၊ – ပြည်သူ့စစ်မှုထမ်းရမယ့်တာဝန်မှ ယာယီရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်နေသူဖြစ်ခြင်းဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်တွေကိုတော့ သတ်မှတ်ထားတဲ့ပုံစံတွေနဲ့ မြို့နယ်အဖွဲ့ကို လျှောက်ထားရမှာဖြစ်ပြီး အထောက် အထား စာရွက်စာတမ်းတွေ ပူးတွဲပေးရမှာ ဖြစ်ပါတယ်။

မြို့နယ်အဖွဲ့အနေနဲ့ လျှောက်ထားမှုတွေကို သတ်မှတ်ချက်နဲ့ အညီ စိစစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့တို့ထံ ဆက်လက်တင်ပြရမှာဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဖွဲ့တို့ကလည်း ဗဟိုအဖွဲ့ထံကို ဆက်လက်တင်ပြရမှာ ဖြစ်ပါတယ်။ဗဟိုအဖွဲ့အနေနဲ့ လျှောက်ထားလာတာတွေနဲ့ ပတ်သက်လို့ ကင်းလွတ်ခွင့်ကို ပုံစံ(၈-က)၊ လျှော့ပေါ့ခွင့်ကို ပုံစံ(၈-ခ)၊ ရွှေ့ဆိုင်းခွင့်ကို ပုံစံ(၈-ဂ)တို့နဲ့ လျှောက်ထားသူကို ထုတ်ပေးရမှာ ဖြစ်ပါတယ်။

လျှောက်ထားမှုတွေကို ငြင်းပယ်မယ်ဆိုရင်တော့ ပုံစံ(၉)နဲ့ လျှောက် ထားသူကို အကြောင်းကြားရမှာဖြစ်ပါတယ်။ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းတွေ အပြီးသတ်ဆောင်ရွက်ပြီး ရင် ပြည်သူ့စစ်မှုထမ်းဖို့ အမိန့်စာဆင့်ခေါ်ရမယ့် လူစာရင်းကို သက်ဆိုင်ရာမြို့နယ်အဖွဲ့ကို ပြန်လည်ပေးပို့ရမှာဖြစ်ပါတယ်။

မြို့နယ် အဖွဲ့အနေနဲ့ ဗဟိုအဖွဲ့ကပေးပို့တဲ့စာရင်းမှာ ပါတဲ့သူတွေကို သတင်းပို့ရ မယ့် တပ်/ဌာနကို သတ်မှတ်ပေးပြီး သတင်းပို့ဖို့ ပုံစံ(၁၀)နဲ့ အမိန့်စာ ပေးပို့ရမှာ ဖြစ်ပါတယ်။ပြည်သူ့စစ်မှုထမ်းတစ်ဦးဟာ စစ်မှုထမ်းဆောင်နေတဲ့ ကာလ အတွင်း ၎င်းရဲ့ တာဝန် ထမ်းဆောင်တဲ့ အဆင့်အလိုက် တပ်မတော်မှာ သတ်မှတ်ထားတဲ့ စစ်မှုထမ်းစည်းမျဉ်းနဲ့အညီ လစာနဲ့စရိတ်ကို ခံစားခွင့် ရရှိမှာဖြစ်ပါတယ်။

ဒါ့အပြင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မှာ ကျဆုံးခြင်း၊ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းတွေရှိခဲ့မယ်ဆိုရင်လည်း သတ်မှတ်ချက်တွေနဲ့အညီ အကျိုးခံစားခွင့်တွေကို ရရှိမှာဖြစ်ပါတယ်။ပြည်သူ့စစ်မှုထမ်းတစ်ဦးဦးဟာ ဥပဒေအရသတ်မှတ်ကာလပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ပြီးလို့ မိမိသဘောဆန္ဒအလျောက် တပ်မတော်မှာ ဆက်ပြီးအမှုထမ်းဆောင်လိုတယ်ဆိုရင် သတ်မှတ်တဲ့စစ်မှုထမ်းကာလမပြည့်မီ သုံးလကြိုတင်ပြီး သတ်မှတ်ချက်တွေနဲ့အညီ ပုံစံ (၁၁) နဲ့ လျှောက်ထားနိုင်ပါတယ်။

နိုင်ငံ့ဝန်ထမ်းဆိုရင်တော့ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းရဲ့ သဘောတူညီချက်နဲ့ လျှောက်ထားရမှာဖြစ်ပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းရဲ့ ခံစားခွင့်တွေနဲ့ပတ်သက်ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့တို့နဲ့ ညှိနှိုင်းသတ်မှတ်ပေးမှာဖြစ်ပါတယ်။ အလုပ်သမားတစ်ဦးအတွက် ဆိုရင်လည်း သက်ဆိုင်ရာအလုပ်ရှင်အနေနဲ့ သက်ဆိုင်ရာဥပဒေက သတ်မှတ်ပေးထားတဲ့ ခံစားခွင့်ကိုရရှိအောင် စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးဆုံးတဲ့ အလုပ်သမားကို မူလအလုပ်အကိုင်ပြန်လည်ရရှိအောင် အတတ်နိုင်ဆုံးဆောင်ရွက်ပေး ရမှာ ဖြစ်ပါတယ်။ပြည်သူ့စစ်မှုထမ်းတစ်ဦးဟာ ဥပဒေအရသတ်မှတ်ကာလ ပြည့်မြောက်အောင် တာဝန်ထမ်းဆောင်ပြီးတဲ့အခါမှာတော့ ပြည်သူ့စစ်မှုထမ်းတာဝန်ပြီးမြောက်ကြောင်း လက်မှတ်ကို ပုံစံ (၁၂) နဲ့ ထုတ်ပေးမှာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ပြည့်တဲ့အထိ တာဝန်ထမ်းဆောင်ခဲ့သူဟာ နိုင်ငံတော်ရဲ့ ထိုက်သင့်တဲ့ချီးမြှင့်မှုကို ခံစားခွင့်ရရှိနိုင်မှာဖြစ်ကြောင်း ရေးသားဖော်ပြ အပ်ပါတယ်။      

(နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။)

#PAN