WTA ဖိုင်နယ်ပွဲကို ၂၀၂၆ အထိ ဆော်ဒီတွင် ကျင်းပမည်


ဧပြီ ၈

WTA ဖိုင်နယ်ပွဲကို ၂၀၂၆ အထိ ဆော်ဒီတွင် ကျင်းပမည်


ဧပြီ ၈

အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွေရဲ့ ရာသီပိတ်ပွဲစဉ်တစ်ခုဖြစ်တဲ့ WTA ဖိုင်နယ်ပွဲကို ဆော်ဒီနိုင်ငံ ရီယာ့ဒ်မြို့မှာ ၂၀၂၄ ကနေ ၂၀၂၆ အထိ ကျင်းပဖို့ကို စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

WTA ဖိုင်နယ်ပြိုင်ပွဲက တစ်နှစ်တာလုံးမှာ အကောင်းဆုံးစွမ်းဆောင်ခဲ့ကြတဲ့ ကမ္ဘာ့အဆင့်ထိပ်ဆုံး တင်းနစ်မယ် ၈ ယောက်ကို အုပ်စုတွေခွဲပြီး ယှဉ်ပြိုင်စေတဲ့ ပွဲဖြစ်ပါတယ်။

၂၀၂၄ WTA ဖိုင်နယ်ပွဲကိုတော့ နိုဝင်ဘာလ ၂ ရက်ကနေ ၉ ရက်အထိကျင်းပမှာဖြစ်ပါတယ်။ ဆော်ဒီတင်းနစ်အဖွဲချုပ်ဘက်က WTA ဖိုင်နယ်ပွဲကို လက်ခံကျင်းပခွင့်ရဖို့အတွက် ဆုကြေးအပါအဝင် ငွေကြေးအမြောက်အများနဲ့ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခုနှစ် WTA ဖိုင်နယ်ပွဲမှာ ဆုကြေး သက်သက် ကိုပဲ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂၅ သန်းအထိ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

WTA ဘက်ကတော့ ဆော်ဒီကို ရွေးချယ်လိုက်တာက ဆုကြေးတွေတိုးမြှင့်ရစေချင်တာပါသလို တင်းနစ်မယ်တွေနဲ့ ပရိသတ်တွေအတွက် စိတ်ချရတဲ့ အနေအထားတွေကြောင့် ရွေးချယ်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

PAN