ကုန်တင်/ ကုန်ချလုပ်ငန်းများနှင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အချိန်ပို(Overtime) ပြုလုပ်ပေးမည်


(ပြည်တွင်း)ဧပြီ၈

ကုန်တင်/ ကုန်ချလုပ်ငန်းများနှင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် အချိန်ပို(Overtime) ပြုလုပ်ပေးမည်


(ပြည်တွင်း)ဧပြီ၈

မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ဆိပ်ကမ်းအသီးသီး၌ သင်္ဘောများဝင်ရောက် ဆိုက်ကပ်/ထွက်ခွာခြင်း အပါအဝင် ကုန်တင်/ ကုန်ချလုပ်ငန်းများနှင့် ကုန်ပစ္စည်းရှင်းလင်းထုတ်ယူခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှလွဲ၍ ကျန်ရက်များတွင် ရုံးဖွင့်ရက်အတိုင်း ပုံမှန် ရုံးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးအရ ကိုယ်စားလှယ်လုပ်ငန်းဌာနအနေဖြင့် မြန်မာ့နှစ်ကူးရုံးပိတ်ရက်ကာလအတွင်း တာဝန်ကျများချထားပြီး လုပ်ငန်းများအရှိန်မဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် ဧပြီ ၁၇ ရက်(နှစ်ဆန်းတစ်ရက်နေ့)မှအပ ဧပြီ(၁၅)ရက်နေ့မှ (၁၉)ရက်အထိ ရုံးဖွင့်ရက်များအတိုင်း ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အကောက်ခွန်ဦးစီးဌာနသည်လည်း ရေကြောင်း/ လေကြောင်းများမှတစ်ဆင့် တင်သွင်း/တင်ပို့မည့် ကုန်ပစ္စည်းများအား မဟာသင်္ကြန်ရုံးပိတ်ရက်ဖြစ်သော ဧပြီ(၁၃)ရက်၊ (၁၈)ရက်နှင့် (၂၀)ရက်များတွင် ရုံးချိန်ပြည့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် နှစ်ဆန်း(၁)ရက်မှအပ ကျန်ရက်များတွင် အချိန်ပို(Overtime) ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ထားသည်။

ကုမ္ပဏီများအနေဖြင့် တင်သွင်း/တင်ပို့လိုသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အကောက်ခွန်ဦးစီးဌာနတွင် ကျသင့်ခွန်နှင့်ပတ်သက်သည့် Deposit ငွေလုံလောက်စွာထားရှိရန်နှင့် သင်္ကြန်ပိတ်ရက်များတွင် အချိန်ပိုလုပ်ငန်းဆောင်ရွက်လိုမှုအား ဧပြီ(၁၂)ရက်နေ့ နေ့လည်(၂)နာရီထက် နောက်မကျဘဲ ညွှန်ကြားရေးမှူး(ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ)၊ ညွှန်ကြားရေးမှူး(ကာကွယ်ရေးဌာနခွဲ)တို့ထံ လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထားသည်။

PAN