ဂါဇာ၌ အရပ်သားသေဆုံးမှုများ ရှိနေသော်လည်း အမေရိကန် က အစ္စရေးကို လက်နက်ထောက်ပံ့မှု မရပ်တန့်လို


(ပြည်တွင်း)ဧပြီ၈

ဂါဇာ၌ အရပ်သားသေဆုံးမှုများ ရှိနေသော်လည်း အမေရိကန် က အစ္စရေးကို လက်နက်ထောက်ပံ့မှု မရပ်တန့်လို

ဂါဇာ၌ အရပ်သားသေဆုံးမှုများ ရှိနေသော်လည်း အမေရိကန် က အစ္စရေးကို လက်နက်ထောက်ပံ့မှု မရပ်တန့်လို


(ပြည်တွင်း)ဧပြီ၈

ဂါဇာကမ်းမြောင်ဒေသ၌ အရပ်သားသေဆုံးမှုများ ရှိသော်လည်း အမေရိကန်အစိုးရအနေဖြင့် အစ္စရေးကို လက်နက်ထောက်ပံ့မှု ရပ်တန့်လိုခြင်းမရှိကြောင်း သိရသည်။

အစ္စရေးတို့၏တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင် ဒေသ၌ အရပ်သားအများအပြား သေဆုံးမှုအပေါ် အမေရိကန် က နှုတ်အားဖြင့် သတိပေးစကားပြောသော်လည်း လက်နက်ထောက်ပံ့ပေးခြင်းကို ရပ်တန့်ရန် ဆန္ဒမရှိကြောင်း အမေရိကန်အစိုးရ က ပြောသည်။

အစ္စရေးအနေဖြင့် ဟားမတ်စ်တိုနှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း အရပ်သားသေဆုံးမှုနည်းပါးအောင်လုပ်ဆောင်ရန် ဂျိုးဘိုင်ဒင် က တိုက်တွန်းထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ဂါဇာသို့ ပေးပိုသောထောက်ပံ့ရေးယာဉ်တန်းကို အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် နိုင်ငံတကာမှ ထောက်ပံ့ရေးကိုယ်စားလှယ် ခုနစ်ဦးသေဆုံးပြီးနောက် ဂျိုးဘိုင်ဒင် က နေတန်ယာဟု ကို ယခုကဲ့သို့ပြောလာြခင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် အစ္စရေး က အမေရိကန်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ ကိုမူ တိတိကျကျမသိရကြောင်း အမေရိကန်နိုင်ငံတော် လုံခြုံရေးအကြံပေး ဂျွန်ခါဘီ က ပြောထားသည်။

ဂျိုးဘိုင်ဒင်အစိုးရက ကွန်ကရက်၏အတည်ပြုမှု မည်သိုပင်ရှိသည်ဖြစ်စေ အစ္စရေးသို့ လက်နက်ထောက်ပံ့မှုကို ရပ်တန့်နိုင်သည့် အာဏာရှိကြောင်း အမေရိကန်ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ြပထားသည်။

ပြီးခဲ့သည့် နှစ် အောက်တိုဘာလ ၇ ရက်က စတင်ဖြစ်ပွားသော အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ပါလက်စတိုင်း ပြည်သူ ၃၂,၉၁၆ ဦးမှာ အစ္စရေးတို့၏တိုက်ခိုက်မှုများကြောင့် သေဆုံးရကြောင်း ဂါဇာရှိကျန်းမာရေးတာဝန်ရှိသူများက ထုတ်ပြန်ထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

PAN