ဧပြီ ၂
သင်္ကြန်ကာလ ဓာတ်ငွေ့အရောင်းဆိုင်အများစု နေ့စဉ်ဖွင့်မည်
ဧပြီ ၂
မဟာသင်္ကြန်ပွဲတော်ကာလအတွင်း နိုင်ငံတစ်ဝန်းရှိ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် အများစုကို နေ့စဉ်ဖွင့်လှစ်ရောင်းချသွားမယ်လို့ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာန(ရန်ကုန်)ကနေ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာ မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင် ၄၁ ဆိုင်၊ မန္တလေးတိုင်း ဒေသကြီးမှာ ၂ ဆိုင်၊ မကွေးတိုင်းဒေသကြီးမှာ ၃ ဆိုင် စုစုပေါင်း ၄၆ ဆိုင်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆိုင်များကို အရင်နှစ်သင်္ကြန်ကာလတွေထက် ပိုမိုဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။
သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဆိုင် ၄၁ ဆိုင်ထဲက ၃၄ ဆိုင်ကိုနေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးမှာဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီးရှိ ဓာတ်ငွေ့အရောင်းဆိုင် ၂ ဆိုင်ထဲက ပုလိပ်အရောင်းဆိုင်ကို ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကွေးတိုင်းဒေသကြီးမှာရှိတဲ့ အရောင်းဆိုင် ၃ ဆိုင်ထဲက ရေနံချောင်းမြိုနယ်က ၁ ဆိုင်နဲ့ ချောက်မြိုက ၁ ဆိုင်ကို ပုံမှန်အတိုင်း ပိတ်ရက်မရှိ ဖွင့်လှစ် ရောင်းချပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
သင်္ကြန်ကာလအတွင်း ဖွင့်လှစ်ပေးမယ့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်တွေကို မနက် ၅ နာရီကနေ ည ၇ နာရီအထိ ဖွင့်လှစ်ရောင်းချ ပေးသွားမှာဖြစ်ပြီး သင်္ကြန်ကာလအတွင်း အရောင်းပိတ်ထားတဲ့ ဆိုင်တွေ ကိုလည်း ဧပြီလ ၁၈ ရက်မှာ ပြန်လည်ဖွင့်လှစ် ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။