သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိသည့် ပုဂ္ဂလိကကျောင်းများကို ပိတ်သိမ်းမည်

(ပြည်တွင်း) ဧပြီ ၆

နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသောကျောင်းများနှင့် အမျိုးသားသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများအပါအဝင် ပုဂ္ဂလိကအခြေခံပညာကျောင်းများ၊ ဘာသာစကားသင်ကျောင်းများအပါအဝင် ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းများနှင့် ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးကျောင်းများသည် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာကိစ္စရပ်များကို ၁၂-၄-၂ဝ၂၄ ရက် (သောကြာနေ့) မတိုင်မီ ဆောင်ရွက်ကြရန်နှင့် သတ်မှတ်ကာလအတွင်း မှတ်ပုံတင်လျှောက်ထားခြင်းမရှိပါက အဆိုပါပုဂ္ဂလိကကျောင်းများကို ပိတ်သိမ်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။

ပုဂ္ဂလိကပညာရေးဥပဒေကို ၁၂-၅-၂၀၂၃ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ ပုဂ္ဂလိကကျောင်းများအားလုံးသည် ဤဥပဒေနှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများရှိ ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံသို့ မှတ်ပုံတင်လျှောက်ထားကြရမည်ဖြစ်ကြောင်း ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့က ကြေညာထားသည်။

#PAN