ဧပြီ ၄
ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊စီတာပူရပ်ကွက် S-အကွေ့တွင် ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့်ပစ်ခတ်လုယက်ခံရမှုဖြစ်ပွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်လုယက်မှုကြောင့် ဆိုင်ကယ်တိမ်းမှောက်၍ ယဥ်မောင်းနှင့်လိုက်ပါစီးနှင်းသူအမျိုးသမီး ထိခိုက်ဒဏ်ရာများရရှ်ိကြောင်း တာဝန်သိပြည်သူများမှမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ကချင်ပြည်နယ်ရုံးသို့ ဆက်သွယ်အကြောင်းကြားလာ၍ အဖွဲ့မှ လူနာတင်ယာဥ်No.2နှင့်4တို့ဖြင့် ချက်ခြင်းထွက်ခွာပီး ထိခိုက်ဒဏ်ရာရရှိသူများကို လိုအပ်သည်များစစ်ဆေးကာ ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုဆောင်ရွက်ပီး ဆေးရုံကြီးOPDသို့ ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ယဥ်မောင်းအမျိုးသား
လည်ပင်းကျည်တချက်ဒဏ်ရာနှင့်ဘယ်ခြမ်းပါးကွဲ၍သေဆုံးသွားကြောင်း၊
အမျိုးသမီး(ကျောကုန်းပေါက်ထွက်/ဘယ်ခြမ်းရင်အုံပေါက်ထွက်)တို့ ရရှိထားကြောင်းသိရပြီး လူနာပိုင်ရှင်ကို လက်ရှိအချိန်ထိမသိရှိရသေးကြောင်း သိရသည်။
#PAN
Telegram Link
https://t.me/positiveanglenews


