ဧပြီ ၄
ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ် ၂ ရပ်ကွက် ဓမ္မရာမကုန်းရှိလုံခြုံရေးအဖွဲ့များကို လာရောက်ပစ်ခတ်တိုက်ခိုက်ပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် အာရှလမ်းမကြီးဘက်ပတ်၀င်၍ အမှတ် ၅ ရပ်ကွက် တောင်သူချောင်ရှိ ဒေသခံပြည်သူ ၂၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ထို့အတူ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် အကြမ်းဖက်သောင်းကျန်းသူများသည် ကားများဖြင့် DKBA ဘက်တံဆိပ်ဖြင့် အာရှလမ်းမကြီးကိုပတ်၍ မြို့တွင်းသို့၀င်ရောက်လာပြီး အမှတ် ၅ ရပ်ကွက်တောင်သူချောင် တွင်ဖွင့်လှစ်ထားသည့်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ထိုင်သောက်နေကြသည့် ကော့ကရိတ်မြို့အမှတ် ၃ ရပ်ကွက်တရုတ်တန်း မိုးကြယ်စင်ရေသန့်စက်ရုံပိုင်ရှင် ဦးမြင့်၀င်းအပါဝင် ၅ ဦးအဖမ်းခံရပြီး ထိုမှတဆင့် လမ်းမပေါ်တွင်တွေ့သမျှဒေသခံ မိန်းကလေးများ၊ ယောက်ကျားလေးများအားလုံးကို ဖမ်းခေါ်သွားပြီး စုစုပေါင်းခန့်မှန်း ၃၀ ဦးခန့်ရှိရာကားဖြင့်ဖမ်းခေါ်ပြီး တောင်သုံးလုံးဘက်သို့ဖမ်းဆီးခေါ်သွားကြောင်းသိရသည်။
နေအိမ်အတွင်းကျန်နေသောသူများဖမ်းခံထိခြင်းမရှိပဲ လမ်းမပေါ်တွင်တွေ့သမျှလူများကိုဖမ်းခေါ်သွားခြင်း
ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
#PAN
Telegram Link
https://t.me/positiveanglenews
