ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ပစ်သတ်ခံရ


ဧပြီ ၁

ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်နေ ရာအိမ်မှူးဖြစ်သူ ပစ်သတ်ခံရ


ဧပြီ ၁

ယနေ့ ည‌နေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးအား အကြမ်းဖက်သောင်းကြမ်းသူများမှ သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရာအိမ်မှူး ဦးမြအေး၊ ၇၀ နှစ်အား အကြမ်းဖက်သောင်းကြမ်းသူ(စိစစ်ဆဲ) ၂ ဦးမှ ဆိုင်ကယ်(အမျိုးအစားစိစစ်ဆဲ) ၁ စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်အတိုဖြင့် ပစ်ခတ်သောကြောင့် နေရာတွင်ပင် ပွဲခြင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

အခင်းဖြစ်နေရာသို့ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးရာ အကြမ်းဖက်သောင်းကြမ်းသူများသည် ငယ်ဒိုးကျေးရွာဘက်မှ ရောက်ရှိလာပြီး ဦးမြအေး၏ နေအိမ်ခြံဝန်းဘေးဘက်မှဝင်ရောက်ကာ သေနတ်ဖြင့် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတို့ပစ်ခတ်မှုကြောင့် ဝဲရင်ဘတ် ဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာလက်မဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်း ယာဂျိုဇောင်း ဖေါက်ဝင်ဒဏ်ရာ ၂ ချက်၊ နဖူးဖေါက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပါး ဖေါက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲနားထင်ဖေါက်ဝင် ဒဏ်ရာ ၁ ချက်၊ ဝဲလက်တံတောင်ဆစ် ဖေါက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း/ လက်ဖျံ/ ဂျိုင်းအောက် ဖေါက်ဝင်ဒဏ်ရာ ၅ ချက်တို့ရရှိခဲ့ပြီး၊ အကြမ်းဖက်သောင်းကြမ်းသူများသည် ငယ်ဒိုး ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရသည်။

သေဆုံးသူကို ကျိုက်ထိုလူမှုကူညီရေးအသင်းယာဉ်ဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

PAN