၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် တိုင်းနှင့်ပြည်နယ် ၆ ခုတွင် ဝါသီးနှံဧက ၆ သိန်းကျော် စိုက်ပျိုးရန်စီမံထားဟုဆို

(ပြည်တွင်း) မတ် ၃၁

သဘာဝချည်မျှင်လုပ်ငန်းအခြေခံ MSME စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် အရေးအပါဆုံး စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါသီးနှံစိုက်ပျိုးမှုကို အားပေး မြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု စိုက်ပျိုးရေး မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံကသိရသည်။

ယခုလိုကဲ့သို့ ဆောင်ရှိလျှက်ရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တိုင်းဒေသကြီး ပြည်နယ်ခြောက်ခု၏ ဝါသီးနှံစိုက်ပျိုးရေးဇုန် ၁၉ ခု၌ ဝါ ၆၁၂၇၁၂ ဧက စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ထားပြီး နှစ်စဉ် တိုးတက်စိုက်ပျိုးသွားမည်ဖြစ်သည်ဟု စိုက်ပျိုးရေး မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြာ့ထောင်စုဝန်ကြီး ဦးမင်းနောင် မှပြောသည်။

၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးဧရိယာ ဧက ၇၄၇၀၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် တစ်ဧက အထွက်နှုန်း ဝါပိဿာ ၇၀၀ ရရှိရေးအတွက် ဇုန်အလိုက် တာဝန်ခံများ တာဝန်ပေးအပ်ထားကြောင်း၊ မကွေးတိုင်းဒေသကြီး၏ ဝါသီးနှံ စိုက်ပျိုးရေးဇုန်လေးခုတွင် ဧက နှစ်သိန်း ခြောက်သောင်းကျော် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

အထွက်နှုန်းတိုးတက်ရေးမကွေးတိုင်းဒေသကြီး၌ ဝါသီးနှံကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၇၂၇၉၃ ဧက၊ ၂၀၂၃-၂၀၂၄ ခုနှစ် တွင် ၂၁၇၄၁၆ ဧက စိုက်ပျိုးခဲ့ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဝါသီးနှံ စိုက်ပျိုးရေးဇုန်လေးခု သတ်မှတ် ၍ ဧက ၂၆၆၈၀၀ စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

#PAN