ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ သန်း ထပ်မံထုတ်ရောင်းပေး


(ပြည်တွင်း)မတ်၃၀

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၃ သန်း ထပ်မံထုတ်ရောင်းပေး


(ပြည်တွင်း)မတ်၃၀

မတ်လ ၂၉ ရက်တွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် များအား Online Trading Platform မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃ သန်း ရောင်းချပေးထားကြောင်း ထုတ်ပြန်ထားပါတယ်။

Online Trading Platform မှတစ်ဆင့် ယခုတစ်ကြိမ်ထုတ်ရောင်းပေးခြင်းက ခြောက်ကြိမ်မြောက် ဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ အဆင်ပြေစေရန် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဗဟိုဘဏ်မှ ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်များကို ဆက်တိုက်ထုတ်ရောင်းပေးနေခြင်းဖြစ်ပါတယ်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် ဖေဖော်ဝါရီလ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ မတ်လ ၅ ရက်တွင် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၂ သန်း၊ မတ်လ ၉ ရက်တွင် ထိုင်းဘတ်သန်း ၅၀၊ မတ်လ ၁၄ ရက်တွင် ဒေါ်လာ ၅ သန်း ၊ မတ်လ ၂၂ ရက်တွင် တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ကိုထုတ်ရောင်းပေးပြီးဖြစ်ပါတယ်။

PAN