ဖားကန့်မြို့နယ်အတွင်း ကြက်ဥအရွယ်စားမိုးသီးများကျသဖြင့် နေအိမ်းအများအပြား ပျက်စီး


မတ် ၂၇

ယမန်နေ့ ညသန်းခေါင်းချိန်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တွင်ရွာခဲ့သည့် ရွာသည့်မိုးနှင့်အတူ သာမန်အရွယ်ထက်ကြီးသည့် ကြက်ဥအရွယ် မိုးသီးများကျခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသီးဒဏ်ကြောင့် ဖားကန့်မြို့ရှိ နေအိမ်များ၊ ခေါင်မိုးအများအပြား ပျက်စီးသွားကြောင်းသိရသလို သွပ်များကို အလုအယက်ဝယ်ယူနေကြသည့်အတွက် ယနေ့ ညနေပိုင်းတွင် ဖားကန့်မြို့ပေါ်ရှိအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်အချို့နှင့် ဆိုင်းတောင်ကျေးရွာအတွင်း သွပ်ရောင်းဆိုင်များ သွပ်များပြတ်လပ်ကုန်သည်အထိရှိခဲ့ကြောင်း ၊ ယခင်ရက်များက အရောင်ပါသွပ်တစ်ပေစျေးနှုံးမှာ ကျပ်နှစ်ထောင်ကျော်သာရှိခဲ့သော်လည်း ယနေ့ တွင် အချို့ဆိုင်များ၌ တစ်ပေသုံးထောင်အထိစျေးနှုန်း မြင့်တက်သွားခဲ့ကြောင်း ဆိုင်းတောင်ဒေသခံပြည်သူများထံမှ သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews