“အစာမကြေ ၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်တဲ့အခါမှာ စားသင့်တဲ့ အစားအစာတွေ”

မတ်လ ၂၇

ကျန်းမာရေးကဏ္ဍကနေ အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်တဲ့အခါမှာ စားသင့်တဲ့ အစားအစာတွေ အကြောင်းကို ပြောပြသွားမှာ သာစေပါတယ်။
ငှက်ပျောသီးဟာ အစာချေစနစ်ကိုအထောက်အကူ ဖြစ်စေတာကြောင့် ကလေးငယ်တွေ အစာမကြေတဲ့အခါ ကျွေးနိုင်ပါတယ်။ အမျှင်ဓာတ်နဲ့ သကြားဓာတ်တွေ ပါဝင်တာကြောင့် ရေဓာတ် ဖြည့်တင်းပေးရာမှာလည်း အကူအညီပေးတာကြောင့် ဗိုက်အောင့်အော့အန်တာတွေကို သက်သာ စေပါတယ်။
ပူစီနံရွက်က အစာအိမ်နဲ့ အူတွင်း ကြွက်သားတွေကို သန်မာစေပြီး အစာချေဖျက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အစာမကြေ ရင်ပြည့် နေချိန်မှာ ပူစီနံရွက်ပါတဲ့ ဖျော်ရည်မျိုးကို သောက်သုံး နိုင်ပါတယ်။
သင်္ဘောသီးဟာ အစာချေဖျက်ရာမှာ အကူအညီပေးတဲ့ Papain ခေါ် အင်ဇိုင်းမ် တစ်မျိုး ပါဝင် တာကြောင့် အစာမကြေတဲ့ အခါမျိုးမှာ စားပေး နိုင်ပါတယ်။
ဂျင်းဖျော်ရည်ဟာလည်း အစာအိမ်နာတာတွေကို သက်သာစေပါတယ်။ အစာချေလမ်းကြောင်း ကို ရှင်းလင်းပေးတာကြောင့် ချောမွေ့စေပြီး အော့အန်ခြင်းတွေ သက်သာစေပါတယ်။
ကရဝေးစေ့မှာ ပါဝင်တဲ့ အဆီဓာတ်တွေဟာ အစာချေစနစ်နဲ့ အစာချေလမ်းကြောင်းကို သက်တောင့်သက်သာ ရှိစေပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews