ထီးလင်းတိုက်ခိုက်မှုပြုလုပ်ရန် AA နှင့် ဒေသခံPDF သဘောထားကွဲလွဲနေ


မတ် ၂၅

ထီးလင်းတိုက်ခိုက်မှုပြုလုပ်ရန် AA နှင့် ဒေသခံPDF သဘောထားကွဲလွဲနေ


မတ် ၂၅

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ မတ်လ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်က မကွေးတိုင်းဒေသကြီး ထီးလင်းမြို့ ထဲသို့ PDF အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး လက်နက်ငယ်များဖြင့် အဝေးမှ ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ပေါင်တွင် လက်နက်ကျည်စထိမှန်ဒါဏ်ရာရရှိခဲ့သည့်အတွက် မြို့နယ်ပြည်သူ့‌ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ကျေးရွာပေါင်း ၉၃ ရွာရှိသည့် မကွေးတိုင်းဒေသကြီး ထီးလင်းမြို့အား အကြမ်းဖက် PDF များမှ တိုက်ခိုက်သိမ်းပိုက်ရန်ဟုဆိုကာ ကျေးရွာများရှိ အိမ်ထောင်စုအလိုက် အဆင့်အတန်း သုံးမျိုးခွဲလျှက် တစ်အိမ်ထောင်လျှင် အနည်းဆုံး ငွေကျပ် ငါးသောင်း ကောက်ခံနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က ထီးလင်းမြို့ ရေမျက်နီရဲကင်းစခန်းအား ဒေသခံ အကြမ်းဖက် PDF များနှင့် AA သောင်းကျန်းသူများက သီတင်းတစ်ပတ်ကျော်ကြာ တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဖြတ်တောက် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်သောင်းကျန်းသူများ အကျအဆုံးများစွာရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအပြီး ဒေသခံအကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များမှ ရေမျက်နီရဲကင်းစခန်းအားရလိုမှု AA သောင်းကျန်းသူများမှလည်း စခန်းကုန်းအားရလိုမှု နယ်မြေရလိုမှုနှင့်ပတ်သက်ပြီး အကျအဆုံးများခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများ သဘောထားကွဲလွဲနေကြောင်းလည်း သိရသည်။

“ဒေသခံ PDF ကလည်း ရေမျက်နီရဲကင်းစခန်းကုန်းကို အသဲအသန်လိုချင်နေတယ်။ AA သောင်းကျန်းသူများကလဲ စခန်းကုန်းကို ငါတို့ကိုပေး စခန်းကုန်းကိုသိမ်းလို့ ရရှိလက်နက်ခဲယမ်းတွေကို PDF အဖွဲ့တွေကို ပေးမယ်လို့ စည်းရုံးတယ်လို့ကြားတယ်။ PDF က လက်မခံပဲ PDF / YRA 15,16,17 အဖွဲ့တွေနဲ့ ရေမျက်နီစခန်းကုန်းကို ပြန်တိုက်တယ်။ စခန်းကုန်း အနားတောင်မကပ်နိုင်ဘူး အဲ့ဒီနေ့လည်း သူတို့ဘက်က တော်တော်သေကြတယ်လို့ “ ဒေသခံတစ်ဦးက PAN ကိုပြောပါတယ်။

ယခုအချိန်တွင် ရေမျက်နီ စခန်းကုန်းအစား ထီးလင်းမြို့ကိုတိုက်ရန် အဖွဲ့ပေါင်းစုံ သဘောတူညီမှုထားသကဲသို့ ငွေကျေးစုဆောင်းခြင်း၊ ရိက္ခာစုဆောင်းခြင်း စစ်သင်တန်းပေးခြင်းများဆောင်ရွက်လျှက်ရှိပြီး ထီးလင်းမြို့ ပြည်သူများ ရိက္ခာအခက်အခဲရှိသည်ကို အားသာချက်ယူလျှက် တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

#PAN