iPhone က ဈေးကွက်လက်ဝါးကြီးအုပ်နေသည်ဟုဆိုကာ အမေရိကန်က Apple ကို တရားစွဲ”



 မတ်လ ၂၃
iPhone သည် စမတ်ဖုန်းဈေးကွက်ကို လက်ဝါးကြီးအုပ်နေသည်ဟုဆိုကာ အမေရိကန်တရားရေးဝန်ကြီး ဌာနက Apple ကုမ္ပဏီကို တရားစွဲဆိုလိုက်ကြောင်း သိရသည်။
  Apple ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်အတွင်း iPhone ရောင်းရငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်၊ Apple Watch ရောင်းရငွေ အမေရိကန်ဒေါ်လာ ၄၀ ကျော်နှင့် အသားတင်အမြတ်ငွေ ဒေါ်လာ ၈၅ ဘီလီယံကျော် ရရှိထားသည့် နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်သည်။
  အဆိုပါ ကုမ္ပဏီအနေဖြင့် စမတ်ဖုန်းဈေးကွက်ကို လက်ဝါးကြီးအုပ်ထားကြောင်း၊ ဆော့ဝဲဖန်တီးသူများ၊ မိုဘိုင်းဂိမ်းကုမ္ပဏီများအနေဖြင့် iPhone သုံးစွဲသူများကို အခြားသောရွေးချယ်မှုများ မလုပ်နိုင်စေရန် တားမြစ် ထားကြောင်း၊ ထို့ကြောင့် အသုံးပြုသူများအနေဖြင့် ဆော့ဝဲများကို ဈေးကြီးပေးဝယ်သုံးနေရကြောင်း ရှေ့နေချုပ် မားရစ်ဂါးလန်း ကပြောသည်။
  Apple ကုမ္ပဏီအနေဖြင့် တင်းကျပ်သော Application Store သတ်မှတ်ချက်များနှင့် မြင့်မားသောအခ ကြေးငွေများ သတ်မှတ်ထားကြောင်း ဝေဖန်သူများက ထောက်ပြခဲ့ပြီးနောက် နှစ်အနည်းငယ်အကြာတွင် ယခုကဲ့သို့ တရားစွဲခံရခြင်းဖြစ်သည်။
  တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ထရီလီယံရှိပြီး ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံးကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်သည့် Apple ကုမ္ပဏီအပေါ် တရားစွဲဆိုမှုသည် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews