အမရပူရမြို့နယ်၊ မိကျောင်းတက်ကျေးရွာရှိ ရာအိမ်မှူးတစ်ဦးကို အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်


မတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မိကျောင်းတက်ကျေးရွာအုပ်စု၊ မိကျောင်းတက်ကျေးရွာရှိ ရာအိမ်မှူးတစ်ဦး နေအိမ်၌ရှိနေစဥ် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ည ၈ နာရီခွဲအချိန်ခန့်က၊ မိကျောင်းတက်ကျေးရွာနေ ရာအိမ်မှူး ဦးသောင်းထွန်း၊ ၄၆ နှစ်၊ (ဘ)ဦးညွန့်ဆွေသည် နေအိမ်၌ရှိနေစဥ် အကြမ်းဖက်သမား(အင်အားစီစစ်ဆဲ)တို့ရောက်ရှိလာပြီး နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသောင်းထွန်းမှာ သေနတ်ထိမှန်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN