ဖာပွန်မြို့နယ် သစ်တောဦးစီး ဌာနရုံးကို အကြမ်း ဖက်သောင်းကျန်းသူ KNU ​အဖွဲ့က ဗုံးခွဲတိုက်ခိုက်

မေ ၁၄

   ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် သစ်တောဦးစီး ဌာနရုံးကို ယမန်နေ့ ည သန်းခေါင်အချိန်တွင် အကြမ်းဖက်သောင်းကျန်းသူ KNU ​အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။

” ည သန်းခေါင့လောက်မှာ ဗုံးပေါက်ကွဲသံအကျယ်ကြီး ကြားလိုက်ရတယ်၊ ပြီးတော့သစ်တောဦးစီးရုံး မီးလောင်နေတာတွေ့ရတယ်၊ KNU ရဲ့ လက်ချက်ပါဘဲ” ဟု မြို့ခံတစ်ဦးက ပြောပြပါတယ်။

    ထိုသို့ ဗုံးပေါက်ကွဲပြီး မီးလောင်ကျွမ်းမှုကြောင့် သစ်တောဦးစီးဌာနရုံးမှာ လုံးဝပျက်စီးသွား
ကြောင်းနှင့် လူထိခိုက်မူမရှိကြောင်း သတင်းရရှိပါတယ်။

#PAN