မဟာအောင်မြေမြို့နယ် ဖြိုးဝေထမင်းဆိုင်၌ လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်


မတ် ၁၉

မဟာအောင်မြေမြို့နယ် ဖြိုးဝေထမင်းဆိုင်၌ လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ်


မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စင်္ကြာနွယ်စဥ်ရပ်ကွက်၊ ၃၇လမ်း၊ ၇၄×၇၅ လမ်းကြားရှိ ဖြိုးဝေ ထမင်းဆိုင်၌ လက်လုပ်ဗုံး ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဖြိုးဝေ ထမင်းဆိုင်ပိုင်ရှင် ကိုထွန်းကျော်လွင်မှ ယမန်နေ့ည ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဘုရားဝတ်ပြုပြန်လာပြီး နေအိမ်အပေါ် ထပ် အိပ်ခန်းဘေးတွင် မုန့်စားနေစဥ် အပေါ်ထပ်ဝရံတာမှ ပေါက်ကွဲသံကြားရသဖြင့် ကြည့်ရှု့ရာ ဝရံတာရှိ မီးသွေးမီးဖိုးများထားရှိရာနေရာတွင် လက်လုပ်ဗုံး ၁ လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရပြီး လက်လုပ်မိုင်ပစ်ပေါက်သွားသူအား တွေရှိခြင်းမရှိကြောင်း သိရှိရသည်။

အဆိုပါ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း၊ ဖြိုးဝေထမင်းဆိုင်မှာ စင်္ကြာနွယ်စဥ်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးနှင့်ကပ် လျက်ရှိပြီး အုပ်ချုပ်ရေးမှုးရုံးအား ပစ်ပေါက်သည့် လက်လုပ်ဗုံးမှာ ထမင်းဆိုင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်နိူင်ကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN