မတ် ၁၉
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ မတ်လ ၁၇ ရက်က ကျင်းပပြုလုပ်သော ခွန်ခမာချန်ပီယံခါးပတ်လုပွဲမှာ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ရိုးရာလက်ဝှေ့ဖိုက်တာ စိုးမိုးဇော် က ဥစဘက်ကစ္စတန်သား အာဆတ် ကို ဒိုင်အမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲစဥ်မှာ စိုးမိုးဇော် က ပြိုင်ဘက်ဖြစ်သူ အာဆတ် ကို ငါးချီပြည့်ချိန်အထိ အသာစီးနဲ့ ထိုးသတ်ခဲ့ကာ ဒိုင်ရမှတ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ခွန်ခမာခါးပတ်လုပွဲအတွက် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေသော စိုးမိုးဇော် အနေနဲ့ ယခုပွဲစဉ်ဟာ ဒုတိယ မြောက်ပွဲစဉ်ဖြစ်ပြီး၊ ပထမပွဲစဉ်တွင် ခွန်ခမာဖိုက်တာ သီးဗာရစ် ကို ရှုးနိမ့်ထားပါတယ်။
ယခု ကျင်းပတဲ့ ခွန်ခမာ ချန်ပီယံခါးပတ်လုပွဲဟာ လက်ဝှေ့ဖိုက်တာ ၈ ဦး ပတ်လည်စနစ်နဲ့ ထိုးသတ်ပြီး ခွန်ခမာချန်ပီယံဆုရရှိရန် ယှဉ်ပြိုင် နေကြတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join
သတင်းပေးပိုရန် PAN Viber – 09772979725