ငါန်းဇွန်မြို့နယ်တွင် အပြစ်မဲ့ပြည်သူတစ်ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်အတွင်းသို့ ဝင်ရောက်ပစ်ခက်


မတ် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ်ကျေးရွာအုပ်စု၊ မင်းကြီးကြပ်(တောင်ရွာ)နေ ကိုဝင်းဇော်ဦး၊ ၄၅ နှစ်၊ (ဘ)ဦးကျော်ညွန့်သည် ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က နေအိမ်၌ရှိနေစဥ် အကြမ်းဖက် သမား ၄ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကိုဝင်းဇော်ဦးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသူ ကိုဝင်းဇော်ဦးမှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူတစ်ဦးဖြစ်​ပြီး ကျေးရွာမီးလင်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ကာ သာရေးနာရေး ကိစ္စများတွင် ဦးစီးဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN