အရှုံးကို လက်မခံသည့် တူရကီပရိသတ်များက ပြိုင်ဘက်ကစားသမားများကို ကွင်းထဲဝင်ပြီး တိုက်ခိုက်

မတ် ၁၉

တူရကီလိဂ်ဘောလုံးပြိုင်ပွဲတပွဲမှာ အရှုံးကို လက်မခံနိုင်တဲ့ ပရိသတ်တွေက ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေကို ကွင်းထဲဝင်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။

မနေ့ညက ကစားခဲ့တဲ့ တူရကီစူပါလိဂ်ပွဲစဉ်မှာ အိမ်ရှင် ထရတ်ဇွန်စပေါ် အသင်းက ပြိုင်ဘက် ဖီနာဘာချီအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲပြီးချိန်မှာလည်း ထရက်ဇွန်အသင်းရဲ့ ပရိသတ်တွေဟာ ကွင်းအတွင်းကိုဝင်ရောက်ခဲ့ပြီး ဖီနာဘာချီကစားသမားတွေကို ထိုး‌ကြိတ်ကန်ကျောက်ခဲ့ကြပြီး ဖီနာဘာချီကစားသမားတွေကလည်း ပြန်လည်ခုခံရင်း ထိုးသ တ်ပွဲကြီးတစ်ပွဲလို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။

ဖီနာဘာချီကစားသမား အိုဆာရီဝါတစ်ယောက်ကတော့ ဆိုသွမ်းပရိသတ်တွေကို အမှောက်သိပ်ခဲ့တဲ့ ပုံရိပ်နဲ့ ဘတ်ရှေရဲ့ လေပေါ်ဝဲကန်ချက် ပုံရိပ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ အတော်လေးရေပန်းစားနေခဲ့တာဖြစ်ပါတယ်။