မဲရေတွက်မှု မပြီးဆုံးခင် ၆ ဆက်မြောက် သမ္မတအဖြစ် အနိုင်ရ


မတ် ၁၈

မဲရေတွက်မှု မပြီးဆုံးခင် ၆ ဆက်မြောက် သမ္မတအဖြစ် အနိုင်ရ


မတ် ၁၈

မဲရေတွက်မှု မပြီးဆုံးခင် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ မဲရလဒ်သည် ၈၇ ရာခိုင်နှုန်းအထိရရှိခဲ့ပြီး ၆ ဆက်မြောက် သမ္မတအဖြစ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

သမ္မတပူတင်သည် ၎င်း၏ ရွေးကောက်ပွဲစေတနာ့ဝန်ထမ်းများကို ကရင်မလင် နန်းတော်အနီးရှိ ပါတီမဲဆွယ်စည်းရုံးရေးဌာနချုပ်တွင် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး မီဒီယာများနှင့် တွေ့ဆုံခဲ့သည်။

ပူတင်က ရုရှားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဖန်းတီးထားသော အစီအစဉ်များ အကောင်အထည်ဖော်ပြီး ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်မှာ သေချာကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်။

သမ္မတပူတင်က မိမိကို လူထုထောက်ခံမှုမြင့်တက်လာခြင်းကို ပြသနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး လာမည့် ၆ နှစ်သက်တမ်းတွင် ယူကရိန်းရှိ အထူးစစ်ဆင်ရေး အောင်မြင်ရေးနှင့် ၎င်းတို့၏ ကာကွယ်ရေးတပ်ဖွဲ့များ ကာကွယ်ရေးစွမ်းရည်၊ လက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းလာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၀ ခုနှစ်မှ စတင်ကာ သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရသည့် ပူတင်သည် ဆိုဗီယက်ခေါင်းဆောင်ဟောင်းဖြစ်သူ ဂျိုးဇက်စတာလင်နောက်ပိုင် အကြာဆုံး နိုင်ငံ့ အာဏာကို ရရှိခဲ့သည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်လာပြီး ၂၀၀၀ ပြည့်နှစ် မတိုင်မီက ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

အသက် ၇၁ နှစ်ကျော်ပြီဖြစ်သည့် သမ္မတပူတင်သည် ရုရှားထောက်လှမ်းရေး KGB အရာရှိဟောင်းတစ်ဦးဖြစ်ပြီး စိန့်ပီတာစဘတ်ခ်မြို့တော်ဝန်ရုံး နိုင်ငံတကာ ကော်မတီတွင်လည်း ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်သည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN