အကြမ်းဖက်သောင်းကြမ်းသူ အဖွဲ့များ၏ Done အသုံးပြု Drop Bomb (၂)ဖြင့် ပစ်ချတိုက်ခိုက်မှု့ကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး


မတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့တွင် ယမန်နေ့ ညနေ ၆ နာရီ ၂၀ အချိန်ခန့်က KNLA / PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ ပစ်ချတိုက်ခိုက်သော Drop Bonb သည် မအူပင်ဆိပ်ကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ ရွှေခရီးဆီဆိုင်(ဆီရောင်းချခြင်းမပြုတော့သည့်ဆိုင်)ရှေ့တွင် ကျရောက်ပေါက်ကွဲရာ လူကြီး ၂ ဦးနှင့် ၄ နှစ်အရွယ်ကလေးငယ် ၁ ဦးတို့ ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး၊ ၈ နှစ်အရွယ်ကလေးငယ် တစ်ဦး နေရာတွင်သေဆုံးသွားခဲ့ရကြောင်း သိရှိရပါသည်။

အဆိုပါ Drop Bonb ကျရောက်ပေါက်ကွဲမှု့ကြောင့် ဆိပ်ကြီးကျေးရွာနေ ဦးဝေဖြိုးအောင်၊ အသက် ၃၉ နှစ်၊ တွင် ယာမျက်ခုံး ပွန်းပဲ့ဒါဏ်ရာ၊ ဝဲရင်အုံ ဖောက်ဝင်ဒါဏ်ရာ၊ ဝဲပေါင် ပွန်းပဲ့ဒါဏ်ရာ(မစိုးရိမ်ရ)၊ ဒေါ်မြမြရီ အသက် ၃၉ နှစ်၊ တွင် ဝဲလက်မောင်း ပွန်းပဲ့ဒါဏ်ရာ ယာခြေဖနောင့် ပွန်းပဲ့ဒါဏ်ရာ(မစိုးရိမ်ရ)၊ မပန်းနုဝါ၊ အသက် ၄ နှစ်၊ တွင် ဝဲပေါင် ပွန်းပဲ့ဒါဏ်ရာ(မစိုးရိမ်ရ)၊ ဒါဏ်ရာများရရှိခဲ့ပြီး မအိန္ဒြေဖြိုး၊ အသက် ၈ နှစ်၊ တွင် ယာရင်ဘက်ဘေး ဗုံးစဖောက်ဝင် ဒါဏ်ရာရရှိပြီး သေဆုံးသွားခဲ့ရကြောင်း၊ သိရှိရသည်။

ဒါဏ်ရာ ရရှိသူများအား ကျောက်ကြီးမြို့နယ် ပြည့်သူဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု့ ခံယူလျှက်ရှိကြောင်း သတင်းရှိရပါသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN