မတ် ၁၆
သမ္မတရွေးကောက်ပွဲ၌ ပါဝင်မဲပေးကြခြင်းဖြင့် ရုရှားအနာဂတ်ကိုဆုံးဖြတ်ရန် သမ္မတပူတင် တိုက်တွန်း
မတ် ၁၆
ယခုသီတင်းပတ်အတွင်းကျင်းပမည့် ရုရှားသမ္မတရွေးကောက်ပွဲတွင် ပါဝင်မဲထည့်ခြင်းဖြင့် ရုရှား နိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ်ပေးကြရန် ရုရှားအချုပ်အခြာအောက်ထည့်သွင်းထားသည့် ယူကရိန်း နယ်မြေများမှ ပြည်သူများအပါအဝင် မဲဆန္ဒရှင်ပြည်သူများကို ရုရှားသမ္မတ ပူတင် က မတ်လ ၁၃ ရက်တွင် တိုက်တွန်းခဲ့သည်။
ယခုသီတင်းပတ်အတွင်းကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ထည့်ခဲ့သည့် မဲဆန္ဒလက်မှတ်များမှာ တန်ဖိုးလည်းရှိ အဓိပ္ပာယ်လည်းရှိကြောင်း သမ္မတ ပူတင် က မတ်လ ၁၃ ရက်က ဗီဒီယိုမိန့်ခွန်း၌ ထုတ်ဖော်ပြောကြားခဲ့သည်။ သိုဖြစ်ရာ ယခုသီတင်းပတ်သမ္မတရွေးကောက်ပွဲ၌ ပါဝင်မဲထည့်ခြင်းဖြင့် ရုရှား၏အနာဂတ်ကို အဆုံး အဖြတ်ပေးရာတွင် သွေးစည်းမှုကိုပြသရန် သမ္မတ ပူတင် က တိုက်တွန်းခဲ့သည်။
ရုရှားနိုင်ငံသည် မတ်လ ၁၅ ရက် မှ ၁၇ ရက်အထိ သမ္မတရွေးကောက်ပွဲကျင်းပရန် စီစဉ်ထားရာ အဆိုပါ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ပူတင် သာ အနိုင်ရရန် အလားအလာကောင်းလျက်ရှိသည်။
မတ်လ ၁၅ ရက်မှ ၁၇ ရက်အကြား သုံးရက်တာကာလအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ကို ကျင့်သုံးကြရန် ရုရှားပြည်သူများကို သမ္မတ ပူတင် က တိုက်တွန်းခဲ့သည်။ အသက် ၇၁ နှစ်အရွယ် သမ္မတ ပူတင် သည် ၂၀၀၀ ပြည့်နှစ်မှစတင်၍ ဝန်ကြီးချုပ်အဖြစ်လည်းကောင်း၊ သမ္မတအဖြစ်လည်းကောင်း တစ်လှည့်စီ ရုရှားနိုင်ငံကို ဦးဆောင်မှုပေးခဲ့သူဖြစ်ကြောင်း သိရသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join
သတင်းပေးပိုရန် PAN Viber – 09772979725