မတ် ၁၄
လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများအပေါ် တင်းကျပ်ထားခြင်းကို ဖြေလျှော့ပေးသည့် အချိန်မတိုင်မီ
အစ္စရေးသို လက်နက်များ မထောက်ပံ့ရန် ဘိုင်ဒင်အား အမေရိကန်အထက်လွှတ်တော်အမတ်များ တောင်းဆို
မတ် ၁၄
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအပေါ် ချမှတ်ထားသည့် တင်းကျပ်မှုများကို အစ္စရေးက ဖြေလျှော့ပေးသည့် အချိန်မတိုင်မီအထိ ယင်းနိုင်ငံသို လက်နက်များထောက်ပံ့ခြင်း မပြုရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား အထက်လွှတ်တော် အမတ်များက တောင်းဆိုခဲ့ကြောင်း အမေရိကန်သတင်းစာကြီးတစ်စောင် ဖြစ်သည့် New York Times က ဖော်ပြ သည်။
ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဦးဆောင်သည့် အစ္စရေးနိုင်ငံသည် ဂါဇာသို့ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းအပေါ် ကန့်သတ်ထား ခြင်းကြောင့် အမေရိကန်က ယင်းနိုင်ငံသို့ လက်နက် ပစ္စည်းများ ထောက်ပံ့နေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း အထက်လွှတ်တော် အမတ်များက ဂျိုးဘိုင်ဒင်ထံသို ယခုရက် သတ္တပတ် အစောပိုင်းတွင် ပေးပိုသည့်စာ၌ ဖော်ပြထားကြောင်း New York Times သတင်းစာတွင် ဖော်ပြထားသည်။
ဂျိုးဘိုင်ဒင်ထံသို စာရေးသားပေးပိုသည့် အထက်လွှတ်တော် များတွင် ဘားနီဆန်းဒါးစ် အပါအဝင် ဒီမိုကရက်လွှတ်တော်အမတ် ခုနှစ်ဦးပါဝင်ကြောင်း သိရသည်။
ထိုပြင် အမေရိကန်ပြည်သူများနှင့် ကွန်ကရက် လွှတ်တော်တိုအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် အပျက်အစီးများနှင့် စားနပ်ရိက္ခာငတ်မွတ်မှု များကို တွေ့မြင်ရသည်မှာ ငြီးငွေ့နေပြီဖြစ်ကြောင်း ကို ဂျိုးဘိုင်ဒင်အနေဖြင့် နားလည်သဘောပေါက်မည်ဟု မျှော်လင့်ကြောင်း ဘားနီးဆန်းဒါးစ် က New York Times သတင်းစာသို ပြောကြားသည်။
အထက်လွှတ်တော်သည် အမျိုးသား လုံခြုံရေးဆိုင်ရာ အရေးပေါ်အကူ အညီ ဟူသော မူကြမ်းတစ်ရပ်ကို ပြီးခဲ့သည့် လအတွင်းက အတည်ပြုခဲ့သည်။ ယင်းမူကြမ်းအရ အမေရိကန် အနေဖြင့် အစ္စရေးသို စစ်ရေးအကူအညီအဖြစ် ဒေါ်လာ ၁၄ ဒသမ ၁ ဘီလီယံကို ပေးအပ်မည်ဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join